အခုတစ်လော အမေရိကားမှာ ရေပန်းစားနေတဲ့စကားစုလေပေါ့..F
Medicare ရတာတွေလျှော့သွားမယ်.. စစ်ဘက် အပြင် အရပ်ဘက် အသုံးစ၇ိတ်တွေလျှော့သွားမယ်...
တိုင်ခင် အတို်က်အခံပါတီနှစ်ခု သဘောတူညီမူ တစ်ခုခု မရဘူးဆိုရင် ၂၀၁၃ မှာ အခုမှ နလန်ထူခါစရှိတဲ့ အမေရိကန်စီးပွားရေး Recession ထဲပြန်ရောက်သွားနိုင်လို့ပါပဲ…

Tax Policy Center ရဲ့ အစီရင်ခံစာ အရဆိုရင် အမေရိကန်တွေ ၂၀၁၃ မှာ $ ၅၃၆ ဘီလီယံအခွန် ပိုပေးရပါမယ်. ပျှမ်းမျှ အိမ်တောင်စု တစ်ခုကို ဒေါ်လာ ၃,၅၀၀ ပါ. အိမ်တောင်စု ၈၈ % လောက်က ၀င်ငွေခွန် တိုးလာပါမယ်.
Middle-income ဖြစ်တဲ့ တစ်နှစ်ဝင်ငွေဒေါ်လာ (၂၅၀၀၀၀ နှင့်အောက်) အိမ်တောင် စု တစ်စု ကို ပျှမ်းမျှ ဒေါ်လာ ၂၀၀၀,
Low-income ဖြစ်တဲ့ တစ်နှစ်ဝင်ငွေ ဒေါ်၂၉ ၀၀၀ နှင့်အောက် အိမ်တောင်စု တစ်စု ကို ဒေါ်လာ ၄၁၂ နှင်
့ upper-incomeဖြစ်တဲ့ တစ်နှဏ်ဝင်ငွေဒေါ်လာ(၃၅၀၀၀၀ နှင့်အထက် ) ဒေါ်လာ တွေကတော့ ပျှမ်းမျှ ဒေါ်လာ ၁၄၁၇၃ အခွန်ပိုပေးရပါမယ်.
ဒီအခွန်တွေ ပိုပေးရတဲ့အတွက် လူတွေ ပိုက်ဆံ မသုံးနိုင်တော့ဘူး. အဲဒီလိုဆိုရင် စီပွားရေးမှာ ပိုက်ဆံ စီးဆင်းမူနည်းသွားမယ်. လုပ်ငန်းတွေ ၀င်ငွေနည်းသွားမယ် . လုပ်ငန်းတွေဝင်ငွေနည်းသွားမယ်ဆိုရင် လူတွေအလုပ်ပြတ်သွားနိုင်တာပေါ့.. အဲဒီရဲ့အကျိုးအဆက်ကတော့ စီးပွားရေး နွံထဲပြန်ကျသွားနိုင်လို့ပါပဲ…
နောက်တစ်ခု ကအသုံးစရိတ်လျှော့တာ ..
ဘယ်သူမဆို သုံးငွေက ၀င်ငွေထက်ပိုများနေမယ်ဆိုရင်တော့လိုငွေပြတာကြီးပဲမဟုတ်လား. အမေရိကန်ကလဲ အဲလိုပါပဲ. သုံးငွေတွေ အ၇မ်းများနေတော့ လိုငွေတွေပိုတစ်ထက်ပိုလာတာပေါ့…၀င်ငွေကသာ မရှိတာဗျာ နိုင်ငံရေးအရာ မပေးမဖြစ်ပေးရတဲ့ Medicare,Social security , medicai, subsidies တွေကလဲ ဘီလီယံ ချိပြီးကုန် ..
လုံခြုံရေးအရဆိုပြီး စစ်ရေးက အသုံးစရိတ်ကလည်းမနည်းဘူး..အမေရိကန် ဟာ ကမ္ဘာပေါ်မှာ စစ်ရေးအတွက အသုံးများဆုံးနိုင်ငံပါပဲ ၂၀၁၁ မှာ ကန်ဒေါ်လာ ဘီလီယံ ၇၀၀ သုံးပါတယ်..အဲဒီအသုံးစရိတ်က တရုတ် ဗြိတိသျှ ရရှား ပြင်သစ် ဂျာမနီ ဂျပန် ဆော်တီအာရေဘီးယား သြစတေးလျှ အီတလီ အီစရေး ယူအေအီး တောင်ကိုးရီးယား ကနေဒါ တူရကီ နှင့် ဘရာဇီ့း နိုင်ငံတွေအားလုံးရဲ့စစ်အသုံးစရိတ် ပေါင်းထားတာ့ နဲ့အတူတူပါပဲ..
ဒါကြောင့်အခုတစ်လော အိုးဘားမား နဲ့ ရီဘာပလစ်ကန် လွတ်တော် တွေနဲ့ အသည်းအသန်ဆွေးနွေးနေကြတာပါပဲ.. အိုးဘားမားက သမ္မတ ဆိုပေမယ့် အတိုက်အခံပါတီ လွတ်တော် က သဘောမတူရင် ဘာမှလုပ်မရပါဘူး..
နှစ်ဘက်စလုံးက ဘယ်နေရာမှာ အသုံးစရိတ်ဘယ်လောက်ချမှာ ကို တိတိကျကျ မပြောသေးပေမဲ့
အိုးဘားမားက လူလတ်တန်းစားနဲ့ ဆင်းရဲသားတွေအပါ် အခွန်မတိုးဘဲ ချမ်းတာတဲ့လူတွေကို သမ္မတ ကလင်တန် ခတ်တုံးက အခွန်အတိုင်းပြန်ထားချင်တယ် ဒါကိုတိုးချင်းအားဖြင့် လိုငွေရတာလျှော့သွားမယ်.ပေါ့.. လူလတ်နဲ့ ဆင်းရဲသားတွေကို အခွန်တိုးမယ်ဆိုရင် စီးပွားရေးကပြန်ကျနိုင်တာကိုး..
ဒီအဆိုကို ရီပတ်ပလစ်ကန် က လက်မခံဘူး…ချမ်းသာတဲ့လူကို အခွန်တုံးမယ်ဆိုရင် ဘယ်လိုလုပ်ပြီး လူတွေအလုပ်ခန့်နိုင်မလဲ ပေါ့သူတို့ကို အခွန်တိုးလိုက်ခြင်းအားဖြစ် လူတွေအလုပ်ပြုတ်နိုင်တဲ့အပြင် စီးပွားရေးပြန်ကျသွားနိုင်တယ်ဆိုပြီးခံညင်းကြတာပေါ့.. ကနေ့အထိတော့ ဘာမှ သဘောတူရသေးဟန်မပေါ်သေးပါဘူး..၂၀၁၂ ဒီဇင်ဘာလ ၃၁ ည အထိဘာမှာ သဘောတူမူမရဘူးဆိုရင်တော့ အမေရိကန်စီးပွားရေး Rescession မဟုတ်ပဲ ၁၉ ၇၀ တုံးကလို Great depression ထဲပြန်ကျသွားမလာဆိုတာကိုတော့ ……………..
ကြိုးစားပါဦးမည်
ခွန်ဇေယျာမင်း
Bibliography
Wilson, Lorimer ." Goldman Sachs: The fiscal Cliff is a real & present Danger to future lever of S&P 500
Here's why "
http://www.munknee.com/2012/08/goldman-sachs-the-fiscal-cliff-is-a-real-present-danger-to-future-level-of-sp-500-heres-why/
http://www.youtube.com/watch?v=eiaYmhQsBHc