"ဘာကြောင့်လုပ်သလဲ"

Find a niche ( စီးပွားရေးအခွင့် အလမ်းရှာခြင်း)
" စီးပွားရေးအကွက်ရှာခြင်း " ဆိုတာကတော့ သူများမလုပ်နိုင်သေးတဲ့ အရာ၊ သူများ မထုပ်နိုင်သေးတဲ့ အရာကို ရှာဖွေခြင်းဖြစ်ပါတယ်.. ဒီလို သူများမလုပ်နိုင်သေးတဲ့ အရာ၊ မထုပ်နိုင်သေးတဲ့ အရာ လို့ ဆိုလိုခြင်းဟာ Steves Jobs တို့ လို ဘယ်သူမှမထွင်ဖူးသေးတဲ့ Iphoneတို့ ဘာတို့ ကို ထွင်ခိုင်းတာမဟုတ်ပါဘူးကို. ( ဒီလိုလုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့ဗျာ..).. ဆိုလိုတာက လက်ရှိကိုယ်ရောင်း နေတဲ့ ပစ္စည်း၊ကိုယ်လုပ်နေတဲ့ အလုပ်ကိုပဲ တစ်ခြားပြိုင်ဘက်တွေမလုပ်နို်င်တဲ့အရာတွေ ရှာနိုင်ရမယ်. တိုးတက်တဲ့နိုင်ငံ တွေမှာ ဆိုရင် တော့ ဒီလိုရှာရတာ တော်တော်ခက်ပါတယ် ဒါပေမယ့် အခုလို တိုးတက်စ ကျွှန်တော်တော်တို့လိုတိုးတက်စ နိုင်ငံ မှာ အခွင့်အရေးတွေအများကြီးရှိပါတယ်…ဒီလို အခွင့်ရေးတွေ့ဖို့ဆိုရင် ကိုယ့် ရဲ့ အားသာချက် အားနည်းချက်ကို နားလည် ရပါမယ်…. ဒီလိုဈေးကွက်မှာ သူများ မလုပ်ပေးသေးနိုင်တဲ့ အရာ က ကိုယ့်အားသာချက်နဲ့ ကိုက်ညီနေမယ်ဆိုရင်တော့ ရေရှည်အောင်မြင်ဖို့လှမ်းများသွားပြီပေါ့…
Network (ကွန်ရက်ရှာခြင်း)

Internet သုံးပါ..
အမေရိကန်မှာ ဒီ အသေးစားလုပ်ငန်းတွေ မအောင်မြင်ရတဲ့ နောက် အကြောင်းတစ်ခုက website မရှိတဲ့ အကြောင်းကလဲ အဓိကတစ်ခုပေါ့.. ဒီခတ်မှာ ရေရှည်အောင်မြင်ချင်တယ်ဆိုရင် ၀က်ဆိုဒ် လေးတော့ရှိကိုရှိသင့်နေပါပြီ.. ကဲ ကိုယ်က အဲဒီအတွက်မတတ်သေးဘူးပဲထား Facebook မှာအလားကရပါတယ် ကိုယ့်စီးပွားရေးအကြောင်းလေးတော့ တင်ပြီးကြော်ငြာသင့်ပါတယ် . ဒီလိုကြော်ငြာမှာကိုယ့်ကိုလူသိများမယ် ကိုယ့် ဖေါက်သည် လိုအပ်တာတွေပိုပြီး နားလည်လာပါမည်..
Cost Management
ဘယ်စီးပွားရေးမှဆို ကုန်ကျစရိန်ကို ပိုင်ပိုင်နိုင်နိုင် စာရင်း မကိုင်နိုင်ရင် ရေရှည် ရေတိမ်နှစ်ရတာကြီးပါပဲ. စာရင်းကိုင် သည် စီးပွားရေး တစ်ခုရဲ့ အသက်သွေးကြောဖြစ်ပါတယ်.. ဒါကြောင့် အောင်မြင်နေတဲ့ ကော်ပိုရေးရှင်းကြီးတွေကျ ငွေ သိန်းပေါင်းမြောက်များစွာ အကုန်ခံကာ ငှားထားချင်းဖြစ်ပါတယ်…ကိုယ်လုပ်တဲ့ အလုပ်က ငွေလည်ပတ်မူများတယ် တစ်လကို သိန်းရာချီ ထောင်ချီ လည့်နေပြီ ဆိုရင် စားရင်းကိုင် ထားဖို့ကိုသင့်ပါတယ်..အခုဆို မြန်မာနိုင်ငံမှာ LCCI ACCA တွေအများကြီးရှိပါပြီ . ၀င်ငွေထွက်ငွေ စာရင်းကို နိုင်နိုင်နှင်းနှုင်းလုပ်နိုင် ကိုယ်တစ်ကယ်မြတ်လား ရှံးလားကို နားလည်နိုင်ပါမယ်
(Cost Management အကြောင်းအခြေခံကိုနောက်မှ ကျွှန်တော် အကျယ်ချုံပြန်ရေးပါမယ်)
တစ်ကယ် လက်တွေ့မှာ သေးစားစီးပွားရေးစမယ်ဆိုရင်တော့ ဒီအချက်တွေထက်မက အများကြီးလိုအပ်ပါတယ်.ဒါပေမယ့် ဒီအထဲတွေကမှာ ကျွှန်တော့်အထင်အရေးကြီးတဲ့ အချက်လေးတွေထင်လို့ရေးလိုက်ခြင်းဖြစ်ပါတယ်..