FOREX ဆိုတာဘာလဲ……
Forex ဆိုတာကတော့ FOReign EXchange Market အတိုကောက်ယူထားတာဖြစ်ပါတယ်. (currency) ငွေကြေး နှစ်ခုကိုတစ်ပြိုင်ထဲ တစ်ခုကို ရောင်းပြီး တစ်ခုကို ၀ယ်တာကို Foreign exchange လို့ခေါ်ပါတယ်. Currencies တွေကို Dealar ဒါမှမဟုတ် Broker တွေကနေတစ်ဆင့် အ၀ယ်အရောင်း လုပ်ပါတယ်. အဲဒီ Trade လို့ရအောင် Currency တွေကို (pairs)အတွဲလိုက်ထားပေးထားပါတယ် .ဥပမာ Euro dollar and U.S. Dollar (EUR / USD) or the British Pound and Japanese Yen (GBP/ JPY).
ဒီ FOReign Exchange Market ဟာ ကမ္ဘာပေါ်မှာ အကြီးမှားဆုံး ငွေကြေး ဈေးကွက် ဖြစ်ပါတယ်.. နေ့စဉ် ဒေါလာ $ 2 Trillion နဲ့ အထက် စီးဆင်းမူ / သိပ်တည်းမူ ရှိပါတယ်. အဲဒီပမာဏ ဟာ stock market နဲ့ Future market ပေါင်းထားတဲ့ တန်ဖိုးတဲ့ ၃ ဆလောက် ပို များတယ်လို့ဆိုထားပါတယ်.
Forex spot market ဟာ တစ်ခြား ငွေကြေး ဈေးကွက် ဖြစ် တဲ့ stock တို့လို Physical Location တို့ Central exchange တို့ မရှိပါဘူး.. အရာင်းအ၀ယ်ကို တော့ ဘဏ် အချင်းချင်း , Corporations အချင်းချင်း, တစ်ဦးတစ်ယောက်ချင်း အ၀ယ်အရာင်းလုပ်ကြပါတယ်. Physical exchanges မရှိတဲ့ အတွက်ကြောင့် Forex ကို ၂၄ နာရီ Trade လုပ်လို့ရပါတယ်.
Spot Market Future Market ဆိုတာဘာလဲ.
လက်ရှိငွေပေါက်ဈေးနဲ့ ရော့ ပတ္တမြား ရော့နဂါး , အ၀ယ်အရာင်ုးလုပ်တဲ့ဘယ် Market မဆို Spot Market လို့ခေါ်ပါတယ် .Future Market ကတော့ ကြိုရောင်းကြိုဝယ် သဘောမျိုးပေါ့. ပိုက်ဆံကို အရင်ပေးပြီး Commodity ကိုနောက်မှ ပို့တဲ့ Market ပေါ့. ဥပမာ Chicago Board of Trade က Future Market တစ်ခုပါ. FOREX မှာနှစ်ခုလုံး လုပ်ကြပါ future ရော spot ရော trade လုပ်ကြပါတယ်.ဒါပေမဲ့ Traders တော်တာ် များများကတော့ spot market ကိုပဲ သုံးကြပါတယ်.ဘယ်Currencies တွေTraded ကြလဲ.?

FOREX Currency တွေရဲ့ symbols ကို အဂ်လိပ် အက္ခရာ သုံးခု နဲ့ အမြဲတမ်းသတ်မုတ်ကြပါတယ်. ပထမ အက္ခရာ ကတော့ နိုင်ငံကို ကိုယ်စားပြုပြီး နောက် ဆုံးတစ်လုံးကို တော့ နိုင်ငံ currency ရဲ့ နာမည်ပါ.. ဥပမာ U.S. Dollar ရဲ့ symbol ကတော့ USD ပါ. ထိုနည်းတူပဲ Jpanese Yen ကို JPY လို့တပ်မှတ်ထားပါတယ်..အခြားနိုင်ငံတွေ အကုန်လုံးလဲအဲဒီလိုပဲသတ်မှတ်ထားပါတယ်. သို့သော်လည်း ချို့ ယွင်းချက်အနေနဲ့ Swiss Franc ကို SWF လို့ မသုံးပဲ CHF လို့ သုံးပါတယ် အဲဒီတစ်ခုထဲပါပဲ. ဘာလို့လဲဆိုတော့ Swistzerland နိုင်ငံ ရဲ့ Latin နာမည်ဖြစ်တဲ့ Confederation Helvetica နဲ့ အသုံးပြုထားလို့ပဲဖြစ်ပါတယ်.
Symbol Country Currency
USD United States Dollar
EUR Euro members Euro
JPY Japan Yen
GBP Great Britain Pound
CHF Switzerland Franc-
CAD Canada Dollar
AUD Australia Dollar
ဆက်ပါဦးမည်
ခွန်ဇေယျာမင်း..
No comments:
Post a Comment