Saturday, April 21, 2012

Macroeconomic

လတ်တလော မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတွေမှာ စီးပွားရေး ။နိုင်ငံရေး သမားတွေ တော်တော် များများက ကျွှန်တော့်နိုင်ငံ Macroeconomic ကိုကောင်းအောင်လုပ်နိုင်ရမယ်လို့ ပြောဆိုရေးသားလာတာတွေ အများအပြားတွေ့ရပါလီမ့်မယ်.. အဲဒီ Macroeconomic ဆိုတာ ဘာလဲ.? ကျွှန်တော် လေ့လာထားတာလေး နည်းနည်း ကို မသိသေးတဲ့ ညီအစ်ကို တွေအတွက် ပြန် share ချင်လို့ပါ.. ကျွှန်တော် က စီးပွားရေး ပညာရှင် တစ်ယောက်မဟုတ်သေးတော့ အမှားများ ပါတယ်ဆိုရင် သိရှိ တတ်မြှောက်ပြီးသားညီအစ်ကို က တောက်ပြပေးပါလို့ တောင်းဆိုပါရစေ. ကျွှန်တော် ကိုယ်နှိက်ကလဲ လေ့လာဆဲဆိုတော့..:)

Macro ဆိုတဲ့ စာလုံးက Greek စာလုံးဖြစ်တဲ့ "makros- " " large" ကြီးမားသော ဆိုတဲ့ အစိပါယ် ရှိပါတယ်. အဲဒါကို economic နဲ့ ပေါင်းလိုက်တော့ တဲ့ ပြန်ရင်သော ကြီးမားကျယ်ပြန်သော့  စီးပွားရေး... ဆိုလိုတာက နိုင်ငံ တစ်ခုလုံးရဲ့ စီးပွားရေး ကို ခြုံပြီးတော့ ကြည့်တာပေါ့..Macroeconomics က နိုင်ငံတစ်နိုငံရဲ့ စုစုပေါင်း ထွက်ကုန် (total output), အလုပ်အကိုင်ရရှိမူ ( total employment) , ၀င်ငွေ ( total income) , အသုံးစရိတ် ( aggregate expenditure) နဲ့ ပျှမ်းမျှကုန်ဈေးနှူန်း တို့ကို ခြံပြီး အမျိုးမျိုးသောစီပွားရေး ပြသနာတွေကို လေ့လာပါတယ်... Macroeconomics က ရေ ရှည် နိုင်ငံ စီးပွားရးတိုးတက်မူ (long term economic grow ) နဲ့ လတ်တလော ထုတ်ကုန်။အလုပ်ရာခိုင်နှိုန်း အတက်အကျ short run fluctuation ခေါ် Business cycle ကိုအစီကထားကြည့်ပါတယ်..

Macorecomists တွေ နိုင်ငံတစ်နိုငံရဲ့စီးပွားရေး တက်နေလားကျနေလား . ဘယ်အခြေအနေမှာရှိနေလဲဆိုတာကို ...Real GDP (output) ပြည်တွင်း ထွက်ကုန် . Unemployment အလုပ်လက်မဲ့ ရာခိုင်နှူန်း နဲ့ inflation ငွေကျေးဖောင်းကြွမူ တွေကို ယူပြီး တွက်ကြည့်ပါတယ်.. .

GDP ဆိုတာဘာလဲ..GDP ဆိုတာဘာလဲ ..
..Gross Domestic Product ( GDP) ဆိုတာက နိုင်ငံတစ်နိုင်ငံ အတွင်း သတ်မှတ်ထားတဲ့ အချိန် (အများအားဖြင့် ၁ နှစ်)မှာ စုစုပေါင်းထုတ်လုပ်သော နောက်ဆုံးကုန်(final goods)ပမာဏလို့ ခေါ်ပါတယ်. ဥပမာ ဗျာ Toyota ဂျပန်ကား company က မြန်မာနိုင်ငံ ရဲ့ ဒေသတစ်ခုခုမှာကားထုတ်တယ်ဆိုပါဆို့ အဲဒီထုတ်လုပ်တဲ့ကားကို ကျွှန်တော်တို့နိုင်ငံရဲ့ ထွက်ကုန်လို့ပဲတွက်တယ် ဂျပန် နိုင်ငံရဲ့ GDP မှာမပါဘူး ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံအတွင်းမှာထုန်လုပ်လို့ပါ....

နောက်ဆုံးကုန် ( Final Goods)
နောက်ပြီး နောက်ဆုံးကုန် ( Final goods) လို့ဆိုလိုရခြင်းယာ ဒီကားဖြစ်ဖို့အတွက် သံဖိုးက$ ၁၀၀ (တွက်ရလွယ်သွားအောင် ဂဏန်း ငယ်နဲ့ပဲတွေကြည့်ရအောင်). ရာဘာဖိုးက$ ၁၀၀. လုပ်အားခက$ ၁၀၀ . . နောက်ဆုံး စားသုံးသူက$ ၃၅၀ . GDP တွက်တဲ့ အခါမှာ ဒီကားဖြစ်လာဖို့အတွက် ၀ယ်ရတဲ့ ရာဘာဖိုးတို့သံဖိုးတို့ကို မတွက်ပါဘူး နောက်ဆုံး ပေးဝယ်လိုက်တဲ့ ၃၅၀ ကိုပဲတွက်ပါတယ် ..ဘာလို့လဲဆိုတော့ ၃၅၀ မှာအကုန်လုံးပါသွားလို့ပါပဲ..


GDP ကို ဘယ်လိုတွက်လဲ.... GDP ကိုတွက်တဲ့နည်း ၂နည်းရှိပါတယ်... ပထမတစ်နည်းက Expenditure approach လို့ခေါ်တဲ့ သုံးငွေပမာကွာနဲ့ တွက်ချက်တာ. ဥပမာ ဒီကားကို စားသုံးသူက ၀ယ်ယူတဲ့ အသုံး.. စက်ရုံအတွက် အစိုး၇က ရင်းနှိးမြုပ်နှံမူ အသုံး. လုပ်ငန်းရှင်တွေရဲ့ အသုံး ကို ပေါင်းလိုက်တာပါ... တစ်ခါးတစ်ဖက်ကတော့ Income or allocated approach လို့ခေါ်တဲ့ ၀င်ငွေ တဲ့ အပိုင်းက တွက်တာ ..လုပ်အားခ, ငှားရမ်းခ, အတိုး , အမြတ်တို့ကို ပေါင်းပြီး အတိုးအလျှော့လုပ်ရင် .. ၂ နည်းလုံးက တူညီတဲ့ GDP ပဲထွက်လာပါတယ်..

ဒီတော့ ဒီမှာ နိုင်ငံတွေမှာ အများဆုံးသုံးတဲ့ Expenditure Approach ဘက်ကိုပဲ သုံးပြီးတွက်တဲ့နည်းကို ပဲရေးသားသွားပါမယ်.. Expenditure approach ဘက်က ညီမျှခြင်းက ဒီလိုရှိပါတယ်..

GDP= C + I(g) + G + X(n) ပါ..

C ဆိုတာက Personal Consumption Expenditures.လို့ခေါ်တဲ့ လူတစ်ဉ်ီးတစ်ယောက် ဒါမှ မဟုတ် အိမ်တောင်စု တစ်စု ရဲ့ အသုံးစရိတ်ပေါ့... ဥပမာ ခုန Toyota ကား ကို ၀ယ်တဲ့လူပေါ့ဗျာ...

I(g) ဆိုတာကတော့ Gross Private Domestic Investment လို့ခေါ်တဲ့ ဦးပိုင့်၇င်နှိးမြုပ်နှံမူ. နိုင်ငံတိုးတက်ဖို့စက်ပစည်း အဆောက်အအုံတွေကအစပေါ့.. ကျွှန်တော်ပေးခဲပတဲ့ ဥပမာ အရဆိုရင်တော့ ကားစက်ရုံကို ဆောက်ပေးတဲ့ Toyota company ၇ဲ့ရင်းနှိးမြုပ်နှံမူပေါ့..

G ဆိုတာကတော့ Government Purchases လို့ခေါ်တဲ့ ပြည်သူအသုံးပြုဖို့အတွက်ဝယ်ယူမူနဲ့ ရင်းနှိးမြုပ်နှံမူ.. ပြည်သူတွေသုံးဖို့ရထားတို့ ကားတို့ ၀ယ်ယူမူတွေရယ်. ပြည်သူပိုင် လမ်းတံတား . ကျောင်း အစရှိတဲ့ ရေရည်ရင်းနှိးမြုပ်နှံမူကို ခေါ်ပါတယ်..

နောက်ဆုံး X(n) ကတော့ Net Export( Export - Import) .. လို့ခေါ်တဲ့ အသားတင် တင်ပို့ရောင်းချမူ.ဆိုလိုပါစို့ နိုင်ငံတော်က တင်ဖို့ထားတာက $200 ကနေ သူများနိုင်ငံက ပြန်ဝယ် ထားတာက $100 ကိုနုတ်လိုက်တဲ့ဟာ ပေါ့.. ဒါကြောင့် import က export ထက်များနေရင်(-) သိပ် အကောင်းကြီး မဟုတ်ဘူးပေါ့ ဒါလည်းအခြေအနေအရပေါ့..ဒါတွေအားလုံးပေါင်းလိုက်ရင် နိုင်ငံတစ်နိုင်ငံရဲ့ GDP ရပါတယ်..

http://www.economywatch.com/economic-statistics/country/Myanmar/ မှာ ဖေါ်ပြ ချက်အရ မြန်မာနိုင်ငံရဲ့ ၂၀၁၀ ခုနှစ်ရဲ့ GDP က US$ 42.953 billion ရှိပါတယ်..လူတစ်ဦးရဲ့ မျမ်းမျှ GDPက US $ 702.993ပဲရှိပါတယ်..အိမ်နီးနားချင်းထိုင်းနိုင်ငံက ၂၀၁၀ တုံးက GDP က Us$ 263.703 billion နဲ့ ပျှမ်းမျှ တစ်နှစ် လူတစ်ဦးGDPကတော့ US $ 8700 ရှိပါတယ်...