Thursday, October 31, 2013

Small Businesses တွေ အောင်မြင်ဖို့….

အရင် တစ်ပတ်တုံးက  Small Businesses တွေ ဘာကြောင့် ၀င်လာတဲ့  စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ဒါဏ်ကို လောလောဆယ် မခံ ရနိုင်သေးတာရယ် အနာဂတ်မှာ သူတို့တွေ နိုင်ငံအတွက် ဘယ်လောက်အရေးကြီးနိုင်တယ်ဆိုတာကိုရေးခဲ့ပါတယ်..  ထိုသို့ဆိုခဲ့သော်လည်း အခုလို စီးပွားရေးပွင့်လာပြီ ဖြစ် တဲ့ အတွက် လုပ်ငန်းသစ်တွေ များစွာရှိလာတော့မယ် ၊ အပြိုင်အဆိုင် များလာတော့ပါမယ်. ဒီလိုအပြိုငိအဆိုင် တွေ နဲ့ အလျှင်အမြန် ပြောင်းလဲနေတဲ့ ခတ် မှာ  အလုပ်အသစ် စလုပ်ဖို့ ၊ ရေရှည်မှာ အောင်မြင်ဖို့်  ဆိုတာ အရင်တုံးကလိုလွယ်ကုတော့မှာမဟုတ်သလို လုပ်ငန်းရှင်တွေရဲ့ ပါးနပ်မူ လေ့လာစူးစမ်းမူကလဲ လိုအပ်ပါတော့မယ်.  နာမည်ကြီး Entreprenure ဖြစ်တဲ့.James Caan ကအဲဒါတွေကို သူ့ Blog ထဲမှာ အကြံပေးထားပါတယ်. သူက အမရိကန် နိုင်ငံက စီးပွားရေးကို ရည်စူးထားတယ်ဆိုပေမယ့် အချို့ အရာတွေက ကိုယ့် နိုင်ငံ နဲ့ အပ်စပ် တာလေးတွေရှိသလို၊ ဟိုနားဒီနား ကနေယူပြီး မြန်မာနိုင်ငံမယ့် အပ်ဆပ်မယ်လို့ ထင်တဲ့အရာလေးတွေ ကို   ကျွှန်တော့်အမြင်နဲ့ တင်ပြကြည့်ပါမယ်..    

"ဘာကြောင့်လုပ်သလဲ"
အမေရိကန်မှာ အသေးစားလုပ်ငန်း (small businesses) အခု ၁၀၀ စတယ်ဆိုရင် ပထမ ၂ နှစ်မှာ ၂၅ ရာခိုင်နှူန်း ပြုတ်ပါတယ်. ၅၀ ရာခိုင်နှူန်းက ၅ နှစ်အကုန်မှာ ပြုတ်ကုန်ပါတယ်.. ရေရှည် အောင်မြင်တာ  ၂၅ ရာခိုင်နှူန်းအောက်ပဲရှိပါတယ်.. အဓိကြောင်းအရင်းက စီးပွားရေးစတဲ့လူတွေက သူတို့ဘာကြောင့်လုပ်တယ်ဆိုတာမသိဘူး.. စီးပွားရေးလုပ်ပါတယ်ဆို ပိုက်ဆံ အမြတ်ရဖို့ပေါ့ ဒါရှင်းပါတယ်.မှန်ပါတယ် အမြတ်ရဖို့ကတော့အဓိကပေါ့..ဒါပေမယ့် ကိုယ်စလုပ်တဲ့ အလုပ် ၊ ကိုယ့်ရဲ့ စီးပွားရေးမှာ " Passion " (၀ါသနာကြီးမူ၊စွဲလမ်းမူ) မရှိရင် ဘယ်လိုလုပ်ရေရှည်မှာ အောင်မြင်နိုင်မလဲ… လောဘ တစ်ခုတည်းနဲ့တော့ အအောင်မြင်မူခက်ပါလိမ့်မယ်..ဥပမာ  Facebook ပိုင်ရှင် Mark Zukerber ဆိုရင် သူချမ်းသာချင်လို့ စခဲ့တာမဟုတ်ဘူး အဲဒါလုပ်တာက သူရဲ့   Passion " (၀ါသနာကြီးမူ၊စွဲလမ်းမူ) ဖြစ်တယ်. အခု CEO ထည်းမှာ သူဝင်ငွေ အကောင်းဆုံးပါ.. သူဘယ်လောက်ချမ်းသာချမ်းသာ အဲဒီအလုပ်ကို သူရပ်မှာမဟုတ်ဘူး..  နောက် Bill Gates ကိုပဲကြည့် Microsoft ကနေနားပြီးကတည်းက ဆင်းရဲမွေတေမူ. ကျန်းမာရေးတွေ  လူမူရေးတွေလုပ်နေတာ အခုချိန်ထိပဲ . သူဆက်လုပ်နေဦးမှာပါပဲ နားဦးမှာမဟုတ်ဘူး အဲဒါက သူ့ Passion " (၀ါသနာကြီးမူ၊စွဲလမ်းမူ)… ဒီတော့ ကိုယ် စီးပွားရေးလုပ်မယ် ဆိုရင် ကိုယ်  Passion " (၀ါသနာကြီးမူ၊စွဲလမ်းမူ) ရှိမယ့်အရာကို ရှာပြီးလုပ်သင့်ပါတယ် ၊ကိုယ် ကိုတိုင်က ရင်းနှီးပြီးလုပ်ကိုင်ရတော့ ကို ၀ါသနာမှမပါရင် ရေရည်မှာအောင်မြင် ဖို့ခက်ပြီးကိုယ်လည်းပိုပင်ပန်းပါတယ်..

Find a niche ( စီးပွားရေးအခွင့် အလမ်းရှာခြင်း)
   "   စီးပွားရေးအကွက်ရှာခြင်း " ဆိုတာကတော့  သူများမလုပ်နိုင်သေးတဲ့ အရာ၊ သူများ မထုပ်နိုင်သေးတဲ့ အရာကို ရှာဖွေခြင်းဖြစ်ပါတယ်.. ဒီလို သူများမလုပ်နိုင်သေးတဲ့ အရာ၊ မထုပ်နိုင်သေးတဲ့ အရာ လို့ ဆိုလိုခြင်းဟာ Steves Jobs တို့ လို ဘယ်သူမှမထွင်ဖူးသေးတဲ့ Iphoneတို့ ဘာတို့ ကို ထွင်ခိုင်းတာမဟုတ်ပါဘူးကို. ( ဒီလိုလုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့ဗျာ..).. ဆိုလိုတာက လက်ရှိကိုယ်ရောင်း နေတဲ့ ပစ္စည်း၊ကိုယ်လုပ်နေတဲ့ အလုပ်ကိုပဲ တစ်ခြားပြိုင်ဘက်တွေမလုပ်နို်င်တဲ့အရာတွေ ရှာနိုင်ရမယ်. တိုးတက်တဲ့နိုင်ငံ  တွေမှာ ဆိုရင် တော့ ဒီလိုရှာရတာ တော်တော်ခက်ပါတယ် ဒါပေမယ့် အခုလို တိုးတက်စ ကျွှန်တော်တော်တို့လိုတိုးတက်စ နိုင်ငံ မှာ အခွင့်အရေးတွေအများကြီးရှိပါတယ်…ဒီလို အခွင့်ရေးတွေ့ဖို့ဆိုရင် ကိုယ့် ရဲ့ အားသာချက် အားနည်းချက်ကို နားလည် ရပါမယ်…. ဒီလိုဈေးကွက်မှာ သူများ မလုပ်ပေးသေးနိုင်တဲ့ အရာ က ကိုယ့်အားသာချက်နဲ့ ကိုက်ညီနေမယ်ဆိုရင်တော့ ရေရှည်အောင်မြင်ဖို့လှမ်းများသွားပြီပေါ့… 

Network (ကွန်ရက်ရှာခြင်း)

ကိုယ့်အခွင်းအလှမ်းတွေ့ပြီဆိုရင် တော့ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်မယ့်ဟာကိုချပြရတော့မယ်. ဒီလိုချပြဖို့ကိုယ့်ကို လူသိများမှာရတော့မယ်.. ကိုယ့်ကို လူသိများဖို့ဆိုတာကိုယ်ကိုတိုင်ပဲလုပ်လို့ရပါတယ်. ကိုယ်ကမှကိုယ့်စီးပွားရေးအကြောင်းမပြောရင် ဘယ်သူကမှာ လာပြီးပြောဆိုပေးမှာမဟုတ်ပါဘူး…. ဒီလိုထွက်ပြီးရှာပြောမှာ ကိုယ့် ဘာလုပ်တယ်ဆိုတာမိတ်ဆွေတွေသိမယ် အတိုင်းအ၀ိုင်းတွေသိမယ်.နောက်ပြီး ကျွှန်တော်တို့ နိုင်ငံ လုပ်ငန်းရှင်တော်တော်များများက Business card လေးတောင်လုပ်တဲ့ အကျင့် မရှိသေးပါဘူး. ..လုပ်ပြီး၇င် လည်း အိမ်မှာထားခဲ့ ၊ ဆိုင်မှာပဲထားတဲ့  သူတွေကလဲ အများကြီါ်ရှိပါသေးပါ..ယူသွားပါကိုယ့် ကဒ်လေးကို ကြော်ငြာပါ ၊ ပေးခဲ့ပါ… "Poors people look for jobs rich people build networks" ဆိုတဲ့ အဆိုတောင်ရှိသေးဗျာ..

Internet သုံးပါ..

  အမေရိကန်မှာ ဒီ အသေးစားလုပ်ငန်းတွေ မအောင်မြင်ရတဲ့ နောက် အကြောင်းတစ်ခုက website မရှိတဲ့ အကြောင်းကလဲ အဓိကတစ်ခုပေါ့.. ဒီခတ်မှာ ရေရှည်အောင်မြင်ချင်တယ်ဆိုရင် ၀က်ဆိုဒ် လေးတော့ရှိကိုရှိသင့်နေပါပြီ.. ကဲ ကိုယ်က အဲဒီအတွက်မတတ်သေးဘူးပဲထား Facebook မှာအလားကရပါတယ် ကိုယ့်စီးပွားရေးအကြောင်းလေးတော့ တင်ပြီးကြော်ငြာသင့်ပါတယ် . ဒီလိုကြော်ငြာမှာကိုယ့်ကိုလူသိများမယ် ကိုယ့် ဖေါက်သည် လိုအပ်တာတွေပိုပြီး နားလည်လာပါမည်..


Cost Management   

  ဘယ်စီးပွားရေးမှဆို ကုန်ကျစရိန်ကို ပိုင်ပိုင်နိုင်နိုင် စာရင်း မကိုင်နိုင်ရင် ရေရှည် ရေတိမ်နှစ်ရတာကြီးပါပဲ. စာရင်းကိုင် သည် စီးပွားရေး တစ်ခုရဲ့ အသက်သွေးကြောဖြစ်ပါတယ်.. ဒါကြောင့် အောင်မြင်နေတဲ့ ကော်ပိုရေးရှင်းကြီးတွေကျ ငွေ သိန်းပေါင်းမြောက်များစွာ အကုန်ခံကာ ငှားထားချင်းဖြစ်ပါတယ်…ကိုယ်လုပ်တဲ့ အလုပ်က ငွေလည်ပတ်မူများတယ် တစ်လကို သိန်းရာချီ ထောင်ချီ လည့်နေပြီ ဆိုရင် စားရင်းကိုင် ထားဖို့ကိုသင့်ပါတယ်..အခုဆို မြန်မာနိုင်ငံမှာ LCCI ACCA တွေအများကြီးရှိပါပြီ . ၀င်ငွေထွက်ငွေ စာရင်းကို နိုင်နိုင်နှင်းနှုင်းလုပ်နိုင် ကိုယ်တစ်ကယ်မြတ်လား ရှံးလားကို နားလည်နိုင်ပါမယ်
(Cost Management အကြောင်းအခြေခံကိုနောက်မှ ကျွှန်တော် အကျယ်ချုံပြန်ရေးပါမယ်)


တစ်ကယ် လက်တွေ့မှာ သေးစားစီးပွားရေးစမယ်ဆိုရင်တော့ ဒီအချက်တွေထက်မက အများကြီးလိုအပ်ပါတယ်.ဒါပေမယ့် ဒီအထဲတွေကမှာ ကျွှန်တော့်အထင်အရေးကြီးတဲ့ အချက်လေးတွေထင်လို့ရေးလိုက်ခြင်းဖြစ်ပါတယ်..














                            

Thursday, October 24, 2013

မြန်မာနိုင်ငံ နှင့် အသေးစားလုပ်ငန်း (Small Business)



Entrepreneur နဲ့ပတ်သက်ပြီး တစ်နေ့က James Caan ရေးတဲ့ Entrepreneur အသစ်တွေအနေနဲ့ ဘယ်လို    ကိုယ့် Brand ကိုဘယ်လိုလူသိများေ၇ာင်လုပ်ရမှာလဲဆိုပြီး သူ့ Blog ထဲမှာရေးထားတာဖတ်မီလိုက်ပါတယ်. အဲဒီမှာ ကျွှန်တော် သွားစဉ်းစားမှီတာက အခုလို ကျွှန်တော်တို့နိုင်ငံ့ကို ကော်ပိုရေးရှင်း တွေ အရင်းအနှီးနဲ့ တစ်ပုံတစ်ပောာ ကြီးဝင်လာတော့မယ် ဆိုပြီးတော့ အသေးစားလုပ်ငန်းရှင် ( small businsess) တွေ တော်တော်များက စိတ်ပူကြတာတယ်၊ ငါတို့တော့ဘယ်လိုလုပ်ယှဉ်ပြိင်နိုင်မှာလဲ ၊ဘယ်လိုရပ်တည်နိုင်မှာလဲဆိုပြီးတော့၊ ....

မီဒီယာတွေကလည်း စီးပွားရေးပွင့်ပြီ ဆိုကတည်းကစပြီး ခုချိန်ထိနေ့တိုင်းလိုလို သတင်းထဲမှာ ဟိုက၀င်တော့မယ် ဒီက၀င်တော့မယ်ဆိုပြီး ချိန်းချောက်နေတော့ ပူသင့်တာတော့ပူသင့်တာပေါ့. ဒါပေမယ့် ကျွှန်တော် သေချာစဉ်းစားလေ့လာကြည့်မယ်ဆိုရင် ဒီ အသေးစားလုပ်ငန်းရှင်တွေကို ဆိုးကြိုးထိရောက်နိုင်မယ့် နိုင်ငံခြား၇င်းနှီးမြုပ်နှံမူဝင်လာဖို့ဆိုတာ တော်တော်လေးကို အချိန်ယူရဦးမှာပါ. မီဒီယာ တွေက ဒီနေ့ပဲဝင်တော့မယ်လိုလို ၀ုန်းကနဲ စီးပွားရေးတွေပဲပျက်တော့မယ်လိုလိုနဲ့ တာရေးနေတာပါ တစ်ကယ် တမ်း ၀င်လာဖို့က အခက်အခဲတွေအများကြီးရှိနေပါသေးတယ်..ဥပမာ. အခြေခံဆောက်အအုံတွေ ၊ နိုင်ငံရေးတွေ ဒါကလူတိုင်းလည်းသတိထားမီမှာပါ.. အကဲလို့ ၀င်ခဲ့သည် ထားဦး လက်ရှိမြန်မာနိုင်ငံက လုပ်ငန်းရှင်ကြီးတွေ  ကောင်းကျိုးတွေ အများကြီးရှိသလိုပဲ၊ သူတို့က ပဲ ဆိုးကျိုးတွေ ကို ခံစားရမှာပါ. ဥပမာ အခု Alpine သောက်ရေသန့်လိုပေါ့ Pepsi  တို့ Coke တို့ နဲ့ တိုက်ရိုက်တိုက်ခိုက်ရမယ်ဆိုရင် သူတို့အတွက်အများကြီးဆုံးရုူံးနိုင်ပါတယ်.  (အဲလိုဖြစ်ဖို့ကလဲ တော်တော်လိုပါသေးတယ် Alpine အတွက် ပြင်ဆင်ချိန်တွေရှိပါသေးတယ်). ဒီအပိုင်းကတော့လောလောဆယ်ထားလိုက်ဥိး...

အခုကမ္ဘာရဲ့ အကြီးဆုံး စီးပွားရေး လို့ ပြောတဲ့ အမေရိကားကို ပဲကြည့်ပါ ။ နိုင်ငံကို အဓိက ၀င်ငွေ ရှာပေးနေတာ အသေးစားလုပ်ငန်းရှင် (small businesss)တွေပဲပြောလို့ရတယ်. အမေရိကန်အစိုးရရဲ့ တရားဝင် ပြုစုထားတဲ့စစ်တမ်းအရဆိုလျှင်..

  1. အမေရိကား မှာ အသေးစားလုပ်ငန်းရှင် ပေါင်း ၂၃ သန်း ကျော်ရှိပါတယ်. အဆတိုး နဲ့ တိုင်းမယ်ဆိုလျှင် ကော်အော်ပိုရေးရှင်း ၁ ခုရှိရင် အေးစားလုပ်ငန်း အခု ၁၁၆၂ ခု ရှိပါတယ်.
  2. အသေးစားလုပ်ငန်းက နေ ပြီးတော့ အမေရိကား လုပ်အားထု ရဲ့  ၅၅ ရာခိုင်နှူန်းကို အလုပ်ခန့်ထားပါတယ်၊ ၁၉ ၇၀ ကနေစပြီး နှစ် စဉ်အလုပ်အသစ် (အလုပ်လင့်လပ်မူ) ရဲ့ ၆၆ ရာခိုင်နှူန်းက အသေးစားလုပ်ငန်းကနေပါ..
  3. ၁၉ ၉ ၀ ကတည်းကစပြီး ခုချိန်ထိ လုပ်ငန်းကြီး တွေက အလုပ်ပေါင်း ၄သန်းကျော်လောက် ကိုပျောက်ဆုံးခဲ့ပါတယ်..အဲဒီအချိန်အတွင်းမှာပဲ အသေးစားလုပ်ငန်းကနေ အလုပ်အသစ် ပေါင်း ၈သန်း ကျော် ခန့်နိုင်ခဲ့ပါတယ်..
ဒီလို ဆိုတော့ဗျာ ကျွှန်တော်တို့နိုင်ငံမှာလဲ ဒီ အသေးစားလုပ်ငန်းတွေက အခုချိန်ရော နောက်တစ်ချိန်ရော အားထားရဦးမှာပါပဲ.  ဒီလိုကိုယ်နိုင်ငံမှာ အားထားရမယ့် အသေးစားလုပ်ငန်းတွေကို အရေးပေးနိုင်ဖို့လည်းလိုပါတယ်. အခုလည်းကြားနေရတာပါပဲ အသေးစားလုပ်ငန်းတွေကို ငွေချေးပေးတာတို့ဘာတို့ပေါ့ ဒါက တစ်ကယ်တမ်း ထိထိရောက်ရောက်လုပ်နိုင်မယ်ဆိုရင် ကော်ပိုရေးရှင်းတောင် မှအားကိုးစရာမလိုဘူး ကိုယ်မှာရှိတဲ့ သံယစတ နဲ့ဆို၇င်တောင် လူမျိုးချမ်းသာနိုင်တယ် .
မည်သို့ပင်ဖြစ်စေ ဘယ်လောက်ပဲ ကော်ပိုရေးရှင်း ၀င်လာလို့ အသေးစားလုပ်ငန်းတွေ မထိရောက်နိုင်ဘူးလို့ဆိုဆို တစ်ကယ်တမ်းလက်ရှိ ရှိနေတဲ့ လုပ်ငန်းတွေကတော့ ပြောင်းလဲလာမဲ့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရမှာပါပဲ.. ငါတို့ အဖိုးခတ်ကတည်းက လုပ်လာတာ ဘာဖြစ်လို့မအောင်မြင်ရမှလဲ ဒီနည်းပဲ ဒါပဲ ဒါမျိုးပဲလုပ်လို့ရပါတယ် ဆိုပြီး ရှေးရှိးဆွဲနေမယ်ဆိုရင် တော့ ရေရှည်အောင်မြင်ဖို့ခက်ခဲ အတော်လေးရုန်းကန်ရပေလိမ့်မည်...နောက်တစ် ပုဒ်မှပဲ James Cann ပေးတဲ့ အကြံအညဏ်ကို ယူပြီး ကျွှန်တော်တို့နိုင်ငံအသေးစားလုပ်ငန်း ကို ဘယ်လို အသုံးပြု(implement) လုပ်လို့ ရလဲဆိုတာဆက်ရေးပါမည်...







ကိုးကား .http://www.sba.gov/content/small-business-trends