Saturday, November 9, 2013

ငွေဆိုတာ မူးယစ်ဆေးဝါးပါပဲ.

ကျွှန်တော် တတ်နိုင်သမျှ ကျွှန်တော့်ရဲ့  ပိုစ့်တွေကို Small businesses နဲ့   Economy ပိုင်းကို အသားပေးရေးပါတယ်..အဲဒီနှစ်ခုကိုအဓိက အကြောင်းအရင်းက ကျွှန်တော်က Economy ကိုအထူးပြုယူထားတာကြောင့် နဲ့ ကျွှန်တော့် ရဲ့ ၀ါသနာ ကြောင့်ပါ.. ကျွှန်တော် ကိုယ်တိုင်က အခုချိန်မှာ လေ့လာ နေဆဲ     ဖြစ်တာကြောင့်   လေ့လာပြီးသလောက်ကို ရေးသားမျှဝေခြင်းဖြစ်ပါတယ်.   ဒီတစ်ပတ် ကို ဘာလို့အသေးစားလုပ်ငန်းတွေမှာလဲ Mission statement ( ရည်မှန်းချက်) ထားရှိသင့်အကြောင်းရေးဖို့စဉ်းစားထားခဲ့ပါတယ် ဒါပေမဲ့ ဟိုတစ်နေ့က ရောဘတ် ခီရိုစခီ၇ဲ့  Money is drug" ငွေဆိုတာ မူယစ်ဆေးဝါး "ဆိုတဲ့ ဆောင်းပါးလေးကို သွားဖတ်မီတော့   အဲဒါလေးအရင် ရေးဖို့ စိတ်ပါသွားတယ်..ဘာလို့လဲဆိုတော့ အဲဒီအကြောင်းကို ကောင်းကောင်းနားလည်ရင် ကျွှန်တော့်ရေးခြင်တဲ့ အသေးစားလုံးငန်းရဲ့ Mission statement ထား၇ှိသင့်တာတွေ သွားရှင်းပြရရောက်တယ်လိုထင်လို့ပါ.


 Robert kiyosaki က နာမည်ကြီးစာအုပ်ဖြစ်တဲ့ ဆင်းရဲဖေဖေ ချမ်းသာဖေဖေ ရေးတဲ့ စာရေးဆရာပါ.သိတဲ့ အတိုင်းပါပဲသူတော့ ငွေနဲ့ ပတ်သက် ပြီးတက်လမ်းစာ ရေးတဲ့ နေရာမှာနာမည်ကြီးဆရာရေးဆရာပေါ့ .. ဟိုတစ်နေ့က သူ့ရဲ့"  Money is drug"    ငွေဆိုတာမူယစ်ဆေးဝါးပါဆိုတဲ့   ဆောင်းပါးလေးကိုရေးခဲ့ပါတယ်  ..အဲဒီဆောင်းပါး မှာ အကျဉ်းကတော့   သူနဲ့ မိုက်စ် "ငယ်ငယ်တုံးကချမ်းသာဖေဖေဆီမှာအလုပ်ကူလုပ်ပါတယ်. ချမ်းသာဖေဖေ ဟာ ဘယ်တော့ မှ အဲဒီအတွက် ပိုက်ဆံ မပေးပါဘူး. ဒီတော့ ချမ်းသာဖေဖေ က သူတို့အပေါ်မတရားနှိပ်ဆက် တယ်လို့ ထင်ကြပါတယ် ဒါပေမယ့် ချမ်းသာဖေဖေက အဲလိုမတွေး ပါဘူး . ချမ်းသာဖေဖေက ငွေ အတွက်ဘယ်တော့မှ အလုပ်မလုပ်စေချင် ဘူး.. နောက်ပြီးသူက" မင်းတို့ငွေကိုစွဲလမ်းသွားပြီးဆို ရင် အဲဒီစွဲလမ်းမူက ဖြတ်ရခက်တယ်လို့ဆိုပါတယ်.."  ချမ်းသာဖေဖေ ဟာ ငွေကို မူယစ်ဆေးဝါးလို့ သတ်မှတ်ပါတယ် .ဘာလို့လဲဆိုတော့ ငွေ ကို စွဲလမ်းတဲ့ သူဟာ ငွေရှိတဲ့ အချိန်ကြရင် ပျော်မြူးတတ်ကြပြီးတော့ ငွေမရှိတော့ ရင် ဘာမှမလုပ်တတ်မကိုင်တတ်ကြတော့ပါဘူး. တဲ့

သူရဲ့ စာထဲမှာတော့ ဘယ်လို ငွေကို ရင်းနှီးမြုပ်နှံရမယ် ကိုယ် တစ်သက်လုံး လခစား အလုပ်သမားမဖြစ်အောင် ငွေကို ဘယ်လို ကျင့်ကြံလုပ်ရမယ်ဆိုပြီးတော့သူရေးထားပါတယ်... သူအကြံပေးထားတဲ့အရာတွေက ကျွှန်တော့်တို့မြန်မာ နိုင်ငံနဲ့ သိပ်မအပ်စပ်သေးဘူးထင်လို့ ဒီအပေါ်က တစ်ပိုဒ်လေးကို ပဲ အကျယ်ချဲ့ပြီး စဉ်းစားကြည့်ရအောင်ဗျာ...


သူပြောထားတာလေးကို သဘောကြပါတယ် ဘယ်သူမဆိုငွေအတွက်အလုပ်မလုပ်သင့်ဘူး လို့တွေးမီပါတယ်.. ဒီလိုပြောလို့ တစ်ချို့ က ငါတို့ငွေအတွက်အလုပ်မလုပ်ရင်ဘာနဲ့သွားစားမလဲ ၊ ငါ့တို့မိသားစု ဘယ်လိုသွားကြွေးမလဲအစရှိသဖြင့်ပေါ့.  မှန်ပါတယ် လူတိုင်းမှာ အခက်အခဲရှိကြပါတယ်. အဲဒါကြောင့်လဲ သူရေးထားတဲ့ အတိုင်းဘာသာမပြန်ထားတာပါ.


ဘာဖြစ်ချင်တာလဲ???????



 ကျွှန်တော်တို့လူငယ်တွေ တော်တော်များများက ကျောင်းပြီးသွားရင်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်တတ်ကြပါတယ်.. အဆိုးဆုံးက့  ကိုယ်ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းကို မသိကြပါဘူး.  ကိုယ့်ရဲက အသိသူငယ်ချင်းဟိုတစ်ယောက်က ဟိုဟာလုပ်လို့ ၀င်ငွေကောင်းရင်၊သူလို့ဖြစ်ရင် ရော နောက် တစ်ယာက်အဲဒါလုပ်လို့ အောင်မြင်ရင် အဲဒါဖြစ်ပြန်ချင်ရော ဇဝေဇ၀ါဖြစ်ကြပါတယ်..ဒီလိုဖြစ်နေတယ်ဆိုရင် အားမငယ်ပါနဲ့  လူတိုင်းဖြစ်လိမ့်မယ်လို့ ကျွှန်တော်ယုံကြည်တယ်..ကျွှန်တော်ကိုယ်တိုင်ပါပဲ  ရွာကနေ ရန်ကုန်ရောက်တော့ သူများက Programming ဆိုတော့ လိုက်လုပ်လိုက်ပါတယ် တော်တော်လဲ ခရီးရောက်ခဲ့ပါတယ် လုပ်လုပ်၇င်း နဲ့ ပျင်းသွားတယ် ၊ဇွဲမရှိတော့ဘူး . အဲဒီတော့သိလိုက်တယ် ဒါငါ့အတွက်မဟုတ် တော့ဘူးဆိုပြီးသိလိုက်တယ်.        နောက်တော့သူများက ဂျပန်သွားမယ်ဆိုပြီး ဘာမှန်းမသိ လိုက်လုပ်လိုက်ပြန်ရော  နောက် တော့ သူများက ဂျပန်သွားပြီးဘာသွားလုပ်မလဲလို့မေးတော့ဖြေဖို့မရှိတော့
ဒါလဲငါ့အတွက်မဟုတ်ပြန်ဘူး.  သူများက Hotel Management ဆိုတော့လိုက်လုပ်လိုက်ပြန်ရော ... ပြီးသြွားတယ် အလုပ်မလုပ်ခြင်ပြန်ဘူးအဲဒီဘက်နဲ့ .ဒါနဲ့   Accounting ဘက်ကိုရောက်သွားတယ် LCCA ကိုတက်ကြည့်တယ် ကျွှန်တော်                  အဲဒီဘက်ကိုစိတ်ဝင်စားသွားတယ်.. သူငယ်ချင်းတစ်ယောက်က စတော့ အကြောင်းဘာကြောင်းပြောတော့ Fincacial report ဖတ်တတ်ချင်လာတယ် အဲဒါနဲ့ ပတ်သက်ပြီး ဇွဲရှိလာတယ် ဒါနဲ့ ကျွှန်တော်ဒီလိုက်တယ် Accounting နှင့် Economic က့ ကျွှန်တော့်အတွက်ပဲဆိုတာကို .. အဲဒီ ကတည်းကပဲ အဲဒီ ပညာနှစ်ခုကို ရဖို့ အမျိုးမျိုးအဖုံအဖုံကြိုးစားပြီး မရရအောင် ရှာကြံခဲ့ပါတယ်..အဲဒါကြောင့်အခုချိန်ထိအဲဒီပညာကြီးကိုသင်နေရတုံးပါပဲ..ကျွှန်တော်လွန်ခဲ့တဲ့   ၆ နှစ် ရ နှစ် က Programming ကိုပဲလိုက်ခဲ့မယ်ဆိုရင် အလုပ်ကောင်းကောင်းဝင်ငွေကောင်းကောင်းရနေလောက်ပေါ့ .. ဒါပေမဲ့ ကျွှန်တော် ပျော်မှမဟုတ်ဘူး... အခု လို ၀င်ငွေမကောင်းတဲ့ အလုပ်ကိုလုပ်ပြီးကျွှန်တော် လိုခြင်နေတဲ့ပညာကို သင်နေရတာ ပိုပြီး ပျော်တယ်.. နောင်တလဲမရဘူး အဲဒါ က ကျွှန်တော့် ရဲ့ Passion လေ.ဒီလိုပါပဲ  လူတိုင်းလူတိုင်းမှာ သူ့    Passion  ဇွဲ နဲ့ သူရှိပါတယ်. အဲဒီ Passion  ဇွဲဆိုတာကို ရှာယူရပါတယ်....

 ကျွှန်တော့်ကိုယ်တွေ့  သူငယ်ချင်းတစ်ယောက်လည်းအဲလိုပါပဲ..သူက အမေရိကန်သားပေါ့ စာတော်တော့ အထက်တန်းကျောင်းပြီးတော့  သူ့ကို အင်ဂျင်နီယာ ကျောင်းကနေပြီး စကောလားရှစ်ပေးပါတယ် တစ်နှစ်ကို ၂၀၀၀၀ နဲ့ သူ့ ၂နှစ်တက်ပါတယ်ကျောင်းမပြီးခင် နောက် အလုပ်သင်ဆင်းကြည့်တယ် . အလုပ်သင်ပြီးတော့ သူကအင်ဂျင်နေယာက ပျင်းစရာကြီးတဲ့   နောက်ကျောင်းပြန်တက်တော့ သူ အတတ်သင်ပညာရေးလို့ခေါ်တဲ့ ကျောင်းဆရာ course ကို ယူကြည့်မယ်ဆိုပြီးသူယူလိုက်တာ စာသင်ရတာကို သူကြိုက်သွားတယ်. အဲဒါနဲ့ သူရတဲ့ စကောလားရှစ် ကို စွန့်လွတ်ပြီး ဆရာအတတ်သင် ကျောင်းကို တက်နေပါပြီ၊ နောက်သူကိုတွေ့တော့ မင်း နောင်တမရဘူးလားလို့မေးတော့  မရဘူးတဲ့   အင်ဂျင်နီယာ လုပ်လို့ပိုက်ဆံပိုရချင်ရမယ် ငါပျော်မှာမဟုတ်ဘူးတဲ့  နောက်ပြီးငါအဲဒါကို စိတ်နှစ်ကိုယ်နှစ် လုပ်နိုင်မှာမဟုတ်တဲ့အတွက်အောင်မြင်မှာပါမဟုတ်ဘူးတဲ့...


မှန်ပါတယ်   ပိုက်ဆံတစ်ခုထဲကြည့်ပြီးလုပ်မယ်ဆိုရင်ဘယ်တော့ မှစိတ်နှစ်ကိုယ်နှစ်မဖြစ်တဲ့အတွက်  အောင်မြင်ဖို့အတော်ခက်ပါလိမ့်မယ် .ကမ္ဘာ့ အချမ်းသားဆုံးသူဋ္ဌေးတွေက သူတို့က ငွေချမ်းသာချင်လို့လုပ်ကြတာမဟုတ်ပါဘူး သူတို့မှာသူတို့လုပ်တဲ့ အလုပ်ကို (passion) ရှိရှိနဲ့ လုပ်ပြီးအောင်မြင်ချမ်းသာသွားကြတာပါ.  ဥပမာ Facebook ပိုင်ရှင်ကိုပဲကြည့်ပါ သူဟာပိုင်ရှင်တွေထဲမှာ ၀င်ငွေအကောင်းဆုံးပါ. ဒါပေမဲ့ သူအလုပ်လုပ်တာမရပ်သွားပါဘူး အခုချိန်ထိလုပ်တုံးပဲ မနက်ဖြန် ၅ ဘိလီယံဝင်လဲ သူလုပ်နေမှာပဲ မ၀င်လဲသူလုပ်နေမှာပဲ ဒါက သူရဲ့ pasion

(သို့သော် ငြားလည်း Passion ရှာဖို့ဆိုပြီး အချိန်ကုန်နေလို့မဖြစ်ပါဘူး.ဒီလိုမဖြစ်ရအောင်လဲ ကိုယ်ကလေ့လာဖို့လိုပါတယ် လုပ်ကြည့်ဖို့လိုပါတယ်။ အချိန်ကိုလည်းသတိထားရပါတယ်..)




ဒီတော့ဗျာ ငွေအတွက်ကျွှန်တော်တို့အလုပ်မယ်ဆိုရင်ဘယ်တို့မှကျွှန်တော့်တို့ ပြည့်ဝနိုင်မှာမဟုတ်ပါဘူး.. ကိုယ့်လုပ်နေတဲ့အလုပ်မှာ passion ရှိမှကိုယ်ကပိုပြီးအောင်မြင်မှာပါ.ပျော်၇ွင်မူလဲရမှာပါ. လူတွေကအမြဲပြောကြပါတယ် ပျော်ရမနေနဲ့ တော်ရမှာနေတဲ့ .. ကျွှန်တော်ကတော့ ပျော်ရာမှာနေရဖို့ တော်ရာမှာနေရတယ်လို့ပဲ မှတ်တယ်.. ငွေ ဆိုတဲ့ မူးယစ်ဆေးဝါးကို မဆွဲမီကြပါစေနဲ့လို့ဆုတောင်းလိုက်ပါတယ်ဗျာ


ခွန်ဇေယျာမင်း