Saturday, November 9, 2013

ငွေဆိုတာ မူးယစ်ဆေးဝါးပါပဲ.

ကျွှန်တော် တတ်နိုင်သမျှ ကျွှန်တော့်ရဲ့  ပိုစ့်တွေကို Small businesses နဲ့   Economy ပိုင်းကို အသားပေးရေးပါတယ်..အဲဒီနှစ်ခုကိုအဓိက အကြောင်းအရင်းက ကျွှန်တော်က Economy ကိုအထူးပြုယူထားတာကြောင့် နဲ့ ကျွှန်တော့် ရဲ့ ၀ါသနာ ကြောင့်ပါ.. ကျွှန်တော် ကိုယ်တိုင်က အခုချိန်မှာ လေ့လာ နေဆဲ     ဖြစ်တာကြောင့်   လေ့လာပြီးသလောက်ကို ရေးသားမျှဝေခြင်းဖြစ်ပါတယ်.   ဒီတစ်ပတ် ကို ဘာလို့အသေးစားလုပ်ငန်းတွေမှာလဲ Mission statement ( ရည်မှန်းချက်) ထားရှိသင့်အကြောင်းရေးဖို့စဉ်းစားထားခဲ့ပါတယ် ဒါပေမဲ့ ဟိုတစ်နေ့က ရောဘတ် ခီရိုစခီ၇ဲ့  Money is drug" ငွေဆိုတာ မူယစ်ဆေးဝါး "ဆိုတဲ့ ဆောင်းပါးလေးကို သွားဖတ်မီတော့   အဲဒါလေးအရင် ရေးဖို့ စိတ်ပါသွားတယ်..ဘာလို့လဲဆိုတော့ အဲဒီအကြောင်းကို ကောင်းကောင်းနားလည်ရင် ကျွှန်တော့်ရေးခြင်တဲ့ အသေးစားလုံးငန်းရဲ့ Mission statement ထား၇ှိသင့်တာတွေ သွားရှင်းပြရရောက်တယ်လိုထင်လို့ပါ.


 Robert kiyosaki က နာမည်ကြီးစာအုပ်ဖြစ်တဲ့ ဆင်းရဲဖေဖေ ချမ်းသာဖေဖေ ရေးတဲ့ စာရေးဆရာပါ.သိတဲ့ အတိုင်းပါပဲသူတော့ ငွေနဲ့ ပတ်သက် ပြီးတက်လမ်းစာ ရေးတဲ့ နေရာမှာနာမည်ကြီးဆရာရေးဆရာပေါ့ .. ဟိုတစ်နေ့က သူ့ရဲ့"  Money is drug"    ငွေဆိုတာမူယစ်ဆေးဝါးပါဆိုတဲ့   ဆောင်းပါးလေးကိုရေးခဲ့ပါတယ်  ..အဲဒီဆောင်းပါး မှာ အကျဉ်းကတော့   သူနဲ့ မိုက်စ် "ငယ်ငယ်တုံးကချမ်းသာဖေဖေဆီမှာအလုပ်ကူလုပ်ပါတယ်. ချမ်းသာဖေဖေ ဟာ ဘယ်တော့ မှ အဲဒီအတွက် ပိုက်ဆံ မပေးပါဘူး. ဒီတော့ ချမ်းသာဖေဖေ က သူတို့အပေါ်မတရားနှိပ်ဆက် တယ်လို့ ထင်ကြပါတယ် ဒါပေမယ့် ချမ်းသာဖေဖေက အဲလိုမတွေး ပါဘူး . ချမ်းသာဖေဖေက ငွေ အတွက်ဘယ်တော့မှ အလုပ်မလုပ်စေချင် ဘူး.. နောက်ပြီးသူက" မင်းတို့ငွေကိုစွဲလမ်းသွားပြီးဆို ရင် အဲဒီစွဲလမ်းမူက ဖြတ်ရခက်တယ်လို့ဆိုပါတယ်.."  ချမ်းသာဖေဖေ ဟာ ငွေကို မူယစ်ဆေးဝါးလို့ သတ်မှတ်ပါတယ် .ဘာလို့လဲဆိုတော့ ငွေ ကို စွဲလမ်းတဲ့ သူဟာ ငွေရှိတဲ့ အချိန်ကြရင် ပျော်မြူးတတ်ကြပြီးတော့ ငွေမရှိတော့ ရင် ဘာမှမလုပ်တတ်မကိုင်တတ်ကြတော့ပါဘူး. တဲ့

သူရဲ့ စာထဲမှာတော့ ဘယ်လို ငွေကို ရင်းနှီးမြုပ်နှံရမယ် ကိုယ် တစ်သက်လုံး လခစား အလုပ်သမားမဖြစ်အောင် ငွေကို ဘယ်လို ကျင့်ကြံလုပ်ရမယ်ဆိုပြီးတော့သူရေးထားပါတယ်... သူအကြံပေးထားတဲ့အရာတွေက ကျွှန်တော့်တို့မြန်မာ နိုင်ငံနဲ့ သိပ်မအပ်စပ်သေးဘူးထင်လို့ ဒီအပေါ်က တစ်ပိုဒ်လေးကို ပဲ အကျယ်ချဲ့ပြီး စဉ်းစားကြည့်ရအောင်ဗျာ...


သူပြောထားတာလေးကို သဘောကြပါတယ် ဘယ်သူမဆိုငွေအတွက်အလုပ်မလုပ်သင့်ဘူး လို့တွေးမီပါတယ်.. ဒီလိုပြောလို့ တစ်ချို့ က ငါတို့ငွေအတွက်အလုပ်မလုပ်ရင်ဘာနဲ့သွားစားမလဲ ၊ ငါ့တို့မိသားစု ဘယ်လိုသွားကြွေးမလဲအစရှိသဖြင့်ပေါ့.  မှန်ပါတယ် လူတိုင်းမှာ အခက်အခဲရှိကြပါတယ်. အဲဒါကြောင့်လဲ သူရေးထားတဲ့ အတိုင်းဘာသာမပြန်ထားတာပါ.


ဘာဖြစ်ချင်တာလဲ???????



 ကျွှန်တော်တို့လူငယ်တွေ တော်တော်များများက ကျောင်းပြီးသွားရင်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်တတ်ကြပါတယ်.. အဆိုးဆုံးက့  ကိုယ်ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းကို မသိကြပါဘူး.  ကိုယ့်ရဲက အသိသူငယ်ချင်းဟိုတစ်ယောက်က ဟိုဟာလုပ်လို့ ၀င်ငွေကောင်းရင်၊သူလို့ဖြစ်ရင် ရော နောက် တစ်ယာက်အဲဒါလုပ်လို့ အောင်မြင်ရင် အဲဒါဖြစ်ပြန်ချင်ရော ဇဝေဇ၀ါဖြစ်ကြပါတယ်..ဒီလိုဖြစ်နေတယ်ဆိုရင် အားမငယ်ပါနဲ့  လူတိုင်းဖြစ်လိမ့်မယ်လို့ ကျွှန်တော်ယုံကြည်တယ်..ကျွှန်တော်ကိုယ်တိုင်ပါပဲ  ရွာကနေ ရန်ကုန်ရောက်တော့ သူများက Programming ဆိုတော့ လိုက်လုပ်လိုက်ပါတယ် တော်တော်လဲ ခရီးရောက်ခဲ့ပါတယ် လုပ်လုပ်၇င်း နဲ့ ပျင်းသွားတယ် ၊ဇွဲမရှိတော့ဘူး . အဲဒီတော့သိလိုက်တယ် ဒါငါ့အတွက်မဟုတ် တော့ဘူးဆိုပြီးသိလိုက်တယ်.        နောက်တော့သူများက ဂျပန်သွားမယ်ဆိုပြီး ဘာမှန်းမသိ လိုက်လုပ်လိုက်ပြန်ရော  နောက် တော့ သူများက ဂျပန်သွားပြီးဘာသွားလုပ်မလဲလို့မေးတော့ဖြေဖို့မရှိတော့
ဒါလဲငါ့အတွက်မဟုတ်ပြန်ဘူး.  သူများက Hotel Management ဆိုတော့လိုက်လုပ်လိုက်ပြန်ရော ... ပြီးသြွားတယ် အလုပ်မလုပ်ခြင်ပြန်ဘူးအဲဒီဘက်နဲ့ .ဒါနဲ့   Accounting ဘက်ကိုရောက်သွားတယ် LCCA ကိုတက်ကြည့်တယ် ကျွှန်တော်                  အဲဒီဘက်ကိုစိတ်ဝင်စားသွားတယ်.. သူငယ်ချင်းတစ်ယောက်က စတော့ အကြောင်းဘာကြောင်းပြောတော့ Fincacial report ဖတ်တတ်ချင်လာတယ် အဲဒါနဲ့ ပတ်သက်ပြီး ဇွဲရှိလာတယ် ဒါနဲ့ ကျွှန်တော်ဒီလိုက်တယ် Accounting နှင့် Economic က့ ကျွှန်တော့်အတွက်ပဲဆိုတာကို .. အဲဒီ ကတည်းကပဲ အဲဒီ ပညာနှစ်ခုကို ရဖို့ အမျိုးမျိုးအဖုံအဖုံကြိုးစားပြီး မရရအောင် ရှာကြံခဲ့ပါတယ်..အဲဒါကြောင့်အခုချိန်ထိအဲဒီပညာကြီးကိုသင်နေရတုံးပါပဲ..ကျွှန်တော်လွန်ခဲ့တဲ့   ၆ နှစ် ရ နှစ် က Programming ကိုပဲလိုက်ခဲ့မယ်ဆိုရင် အလုပ်ကောင်းကောင်းဝင်ငွေကောင်းကောင်းရနေလောက်ပေါ့ .. ဒါပေမဲ့ ကျွှန်တော် ပျော်မှမဟုတ်ဘူး... အခု လို ၀င်ငွေမကောင်းတဲ့ အလုပ်ကိုလုပ်ပြီးကျွှန်တော် လိုခြင်နေတဲ့ပညာကို သင်နေရတာ ပိုပြီး ပျော်တယ်.. နောင်တလဲမရဘူး အဲဒါ က ကျွှန်တော့် ရဲ့ Passion လေ.ဒီလိုပါပဲ  လူတိုင်းလူတိုင်းမှာ သူ့    Passion  ဇွဲ နဲ့ သူရှိပါတယ်. အဲဒီ Passion  ဇွဲဆိုတာကို ရှာယူရပါတယ်....

 ကျွှန်တော့်ကိုယ်တွေ့  သူငယ်ချင်းတစ်ယောက်လည်းအဲလိုပါပဲ..သူက အမေရိကန်သားပေါ့ စာတော်တော့ အထက်တန်းကျောင်းပြီးတော့  သူ့ကို အင်ဂျင်နီယာ ကျောင်းကနေပြီး စကောလားရှစ်ပေးပါတယ် တစ်နှစ်ကို ၂၀၀၀၀ နဲ့ သူ့ ၂နှစ်တက်ပါတယ်ကျောင်းမပြီးခင် နောက် အလုပ်သင်ဆင်းကြည့်တယ် . အလုပ်သင်ပြီးတော့ သူကအင်ဂျင်နေယာက ပျင်းစရာကြီးတဲ့   နောက်ကျောင်းပြန်တက်တော့ သူ အတတ်သင်ပညာရေးလို့ခေါ်တဲ့ ကျောင်းဆရာ course ကို ယူကြည့်မယ်ဆိုပြီးသူယူလိုက်တာ စာသင်ရတာကို သူကြိုက်သွားတယ်. အဲဒါနဲ့ သူရတဲ့ စကောလားရှစ် ကို စွန့်လွတ်ပြီး ဆရာအတတ်သင် ကျောင်းကို တက်နေပါပြီ၊ နောက်သူကိုတွေ့တော့ မင်း နောင်တမရဘူးလားလို့မေးတော့  မရဘူးတဲ့   အင်ဂျင်နီယာ လုပ်လို့ပိုက်ဆံပိုရချင်ရမယ် ငါပျော်မှာမဟုတ်ဘူးတဲ့  နောက်ပြီးငါအဲဒါကို စိတ်နှစ်ကိုယ်နှစ် လုပ်နိုင်မှာမဟုတ်တဲ့အတွက်အောင်မြင်မှာပါမဟုတ်ဘူးတဲ့...


မှန်ပါတယ်   ပိုက်ဆံတစ်ခုထဲကြည့်ပြီးလုပ်မယ်ဆိုရင်ဘယ်တော့ မှစိတ်နှစ်ကိုယ်နှစ်မဖြစ်တဲ့အတွက်  အောင်မြင်ဖို့အတော်ခက်ပါလိမ့်မယ် .ကမ္ဘာ့ အချမ်းသားဆုံးသူဋ္ဌေးတွေက သူတို့က ငွေချမ်းသာချင်လို့လုပ်ကြတာမဟုတ်ပါဘူး သူတို့မှာသူတို့လုပ်တဲ့ အလုပ်ကို (passion) ရှိရှိနဲ့ လုပ်ပြီးအောင်မြင်ချမ်းသာသွားကြတာပါ.  ဥပမာ Facebook ပိုင်ရှင်ကိုပဲကြည့်ပါ သူဟာပိုင်ရှင်တွေထဲမှာ ၀င်ငွေအကောင်းဆုံးပါ. ဒါပေမဲ့ သူအလုပ်လုပ်တာမရပ်သွားပါဘူး အခုချိန်ထိလုပ်တုံးပဲ မနက်ဖြန် ၅ ဘိလီယံဝင်လဲ သူလုပ်နေမှာပဲ မ၀င်လဲသူလုပ်နေမှာပဲ ဒါက သူရဲ့ pasion

(သို့သော် ငြားလည်း Passion ရှာဖို့ဆိုပြီး အချိန်ကုန်နေလို့မဖြစ်ပါဘူး.ဒီလိုမဖြစ်ရအောင်လဲ ကိုယ်ကလေ့လာဖို့လိုပါတယ် လုပ်ကြည့်ဖို့လိုပါတယ်။ အချိန်ကိုလည်းသတိထားရပါတယ်..)




ဒီတော့ဗျာ ငွေအတွက်ကျွှန်တော်တို့အလုပ်မယ်ဆိုရင်ဘယ်တို့မှကျွှန်တော့်တို့ ပြည့်ဝနိုင်မှာမဟုတ်ပါဘူး.. ကိုယ့်လုပ်နေတဲ့အလုပ်မှာ passion ရှိမှကိုယ်ကပိုပြီးအောင်မြင်မှာပါ.ပျော်၇ွင်မူလဲရမှာပါ. လူတွေကအမြဲပြောကြပါတယ် ပျော်ရမနေနဲ့ တော်ရမှာနေတဲ့ .. ကျွှန်တော်ကတော့ ပျော်ရာမှာနေရဖို့ တော်ရာမှာနေရတယ်လို့ပဲ မှတ်တယ်.. ငွေ ဆိုတဲ့ မူးယစ်ဆေးဝါးကို မဆွဲမီကြပါစေနဲ့လို့ဆုတောင်းလိုက်ပါတယ်ဗျာ


ခွန်ဇေယျာမင်း
















































Thursday, October 31, 2013

Small Businesses တွေ အောင်မြင်ဖို့….

အရင် တစ်ပတ်တုံးက  Small Businesses တွေ ဘာကြောင့် ၀င်လာတဲ့  စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ဒါဏ်ကို လောလောဆယ် မခံ ရနိုင်သေးတာရယ် အနာဂတ်မှာ သူတို့တွေ နိုင်ငံအတွက် ဘယ်လောက်အရေးကြီးနိုင်တယ်ဆိုတာကိုရေးခဲ့ပါတယ်..  ထိုသို့ဆိုခဲ့သော်လည်း အခုလို စီးပွားရေးပွင့်လာပြီ ဖြစ် တဲ့ အတွက် လုပ်ငန်းသစ်တွေ များစွာရှိလာတော့မယ် ၊ အပြိုင်အဆိုင် များလာတော့ပါမယ်. ဒီလိုအပြိုငိအဆိုင် တွေ နဲ့ အလျှင်အမြန် ပြောင်းလဲနေတဲ့ ခတ် မှာ  အလုပ်အသစ် စလုပ်ဖို့ ၊ ရေရှည်မှာ အောင်မြင်ဖို့်  ဆိုတာ အရင်တုံးကလိုလွယ်ကုတော့မှာမဟုတ်သလို လုပ်ငန်းရှင်တွေရဲ့ ပါးနပ်မူ လေ့လာစူးစမ်းမူကလဲ လိုအပ်ပါတော့မယ်.  နာမည်ကြီး Entreprenure ဖြစ်တဲ့.James Caan ကအဲဒါတွေကို သူ့ Blog ထဲမှာ အကြံပေးထားပါတယ်. သူက အမရိကန် နိုင်ငံက စီးပွားရေးကို ရည်စူးထားတယ်ဆိုပေမယ့် အချို့ အရာတွေက ကိုယ့် နိုင်ငံ နဲ့ အပ်စပ် တာလေးတွေရှိသလို၊ ဟိုနားဒီနား ကနေယူပြီး မြန်မာနိုင်ငံမယ့် အပ်ဆပ်မယ်လို့ ထင်တဲ့အရာလေးတွေ ကို   ကျွှန်တော့်အမြင်နဲ့ တင်ပြကြည့်ပါမယ်..    

"ဘာကြောင့်လုပ်သလဲ"
အမေရိကန်မှာ အသေးစားလုပ်ငန်း (small businesses) အခု ၁၀၀ စတယ်ဆိုရင် ပထမ ၂ နှစ်မှာ ၂၅ ရာခိုင်နှူန်း ပြုတ်ပါတယ်. ၅၀ ရာခိုင်နှူန်းက ၅ နှစ်အကုန်မှာ ပြုတ်ကုန်ပါတယ်.. ရေရှည် အောင်မြင်တာ  ၂၅ ရာခိုင်နှူန်းအောက်ပဲရှိပါတယ်.. အဓိကြောင်းအရင်းက စီးပွားရေးစတဲ့လူတွေက သူတို့ဘာကြောင့်လုပ်တယ်ဆိုတာမသိဘူး.. စီးပွားရေးလုပ်ပါတယ်ဆို ပိုက်ဆံ အမြတ်ရဖို့ပေါ့ ဒါရှင်းပါတယ်.မှန်ပါတယ် အမြတ်ရဖို့ကတော့အဓိကပေါ့..ဒါပေမယ့် ကိုယ်စလုပ်တဲ့ အလုပ် ၊ ကိုယ့်ရဲ့ စီးပွားရေးမှာ " Passion " (၀ါသနာကြီးမူ၊စွဲလမ်းမူ) မရှိရင် ဘယ်လိုလုပ်ရေရှည်မှာ အောင်မြင်နိုင်မလဲ… လောဘ တစ်ခုတည်းနဲ့တော့ အအောင်မြင်မူခက်ပါလိမ့်မယ်..ဥပမာ  Facebook ပိုင်ရှင် Mark Zukerber ဆိုရင် သူချမ်းသာချင်လို့ စခဲ့တာမဟုတ်ဘူး အဲဒါလုပ်တာက သူရဲ့   Passion " (၀ါသနာကြီးမူ၊စွဲလမ်းမူ) ဖြစ်တယ်. အခု CEO ထည်းမှာ သူဝင်ငွေ အကောင်းဆုံးပါ.. သူဘယ်လောက်ချမ်းသာချမ်းသာ အဲဒီအလုပ်ကို သူရပ်မှာမဟုတ်ဘူး..  နောက် Bill Gates ကိုပဲကြည့် Microsoft ကနေနားပြီးကတည်းက ဆင်းရဲမွေတေမူ. ကျန်းမာရေးတွေ  လူမူရေးတွေလုပ်နေတာ အခုချိန်ထိပဲ . သူဆက်လုပ်နေဦးမှာပါပဲ နားဦးမှာမဟုတ်ဘူး အဲဒါက သူ့ Passion " (၀ါသနာကြီးမူ၊စွဲလမ်းမူ)… ဒီတော့ ကိုယ် စီးပွားရေးလုပ်မယ် ဆိုရင် ကိုယ်  Passion " (၀ါသနာကြီးမူ၊စွဲလမ်းမူ) ရှိမယ့်အရာကို ရှာပြီးလုပ်သင့်ပါတယ် ၊ကိုယ် ကိုတိုင်က ရင်းနှီးပြီးလုပ်ကိုင်ရတော့ ကို ၀ါသနာမှမပါရင် ရေရည်မှာအောင်မြင် ဖို့ခက်ပြီးကိုယ်လည်းပိုပင်ပန်းပါတယ်..

Find a niche ( စီးပွားရေးအခွင့် အလမ်းရှာခြင်း)
   "   စီးပွားရေးအကွက်ရှာခြင်း " ဆိုတာကတော့  သူများမလုပ်နိုင်သေးတဲ့ အရာ၊ သူများ မထုပ်နိုင်သေးတဲ့ အရာကို ရှာဖွေခြင်းဖြစ်ပါတယ်.. ဒီလို သူများမလုပ်နိုင်သေးတဲ့ အရာ၊ မထုပ်နိုင်သေးတဲ့ အရာ လို့ ဆိုလိုခြင်းဟာ Steves Jobs တို့ လို ဘယ်သူမှမထွင်ဖူးသေးတဲ့ Iphoneတို့ ဘာတို့ ကို ထွင်ခိုင်းတာမဟုတ်ပါဘူးကို. ( ဒီလိုလုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့ဗျာ..).. ဆိုလိုတာက လက်ရှိကိုယ်ရောင်း နေတဲ့ ပစ္စည်း၊ကိုယ်လုပ်နေတဲ့ အလုပ်ကိုပဲ တစ်ခြားပြိုင်ဘက်တွေမလုပ်နို်င်တဲ့အရာတွေ ရှာနိုင်ရမယ်. တိုးတက်တဲ့နိုင်ငံ  တွေမှာ ဆိုရင် တော့ ဒီလိုရှာရတာ တော်တော်ခက်ပါတယ် ဒါပေမယ့် အခုလို တိုးတက်စ ကျွှန်တော်တော်တို့လိုတိုးတက်စ နိုင်ငံ မှာ အခွင့်အရေးတွေအများကြီးရှိပါတယ်…ဒီလို အခွင့်ရေးတွေ့ဖို့ဆိုရင် ကိုယ့် ရဲ့ အားသာချက် အားနည်းချက်ကို နားလည် ရပါမယ်…. ဒီလိုဈေးကွက်မှာ သူများ မလုပ်ပေးသေးနိုင်တဲ့ အရာ က ကိုယ့်အားသာချက်နဲ့ ကိုက်ညီနေမယ်ဆိုရင်တော့ ရေရှည်အောင်မြင်ဖို့လှမ်းများသွားပြီပေါ့… 

Network (ကွန်ရက်ရှာခြင်း)

ကိုယ့်အခွင်းအလှမ်းတွေ့ပြီဆိုရင် တော့ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်မယ့်ဟာကိုချပြရတော့မယ်. ဒီလိုချပြဖို့ကိုယ့်ကို လူသိများမှာရတော့မယ်.. ကိုယ့်ကို လူသိများဖို့ဆိုတာကိုယ်ကိုတိုင်ပဲလုပ်လို့ရပါတယ်. ကိုယ်ကမှကိုယ့်စီးပွားရေးအကြောင်းမပြောရင် ဘယ်သူကမှာ လာပြီးပြောဆိုပေးမှာမဟုတ်ပါဘူး…. ဒီလိုထွက်ပြီးရှာပြောမှာ ကိုယ့် ဘာလုပ်တယ်ဆိုတာမိတ်ဆွေတွေသိမယ် အတိုင်းအ၀ိုင်းတွေသိမယ်.နောက်ပြီး ကျွှန်တော်တို့ နိုင်ငံ လုပ်ငန်းရှင်တော်တော်များများက Business card လေးတောင်လုပ်တဲ့ အကျင့် မရှိသေးပါဘူး. ..လုပ်ပြီး၇င် လည်း အိမ်မှာထားခဲ့ ၊ ဆိုင်မှာပဲထားတဲ့  သူတွေကလဲ အများကြီါ်ရှိပါသေးပါ..ယူသွားပါကိုယ့် ကဒ်လေးကို ကြော်ငြာပါ ၊ ပေးခဲ့ပါ… "Poors people look for jobs rich people build networks" ဆိုတဲ့ အဆိုတောင်ရှိသေးဗျာ..

Internet သုံးပါ..

  အမေရိကန်မှာ ဒီ အသေးစားလုပ်ငန်းတွေ မအောင်မြင်ရတဲ့ နောက် အကြောင်းတစ်ခုက website မရှိတဲ့ အကြောင်းကလဲ အဓိကတစ်ခုပေါ့.. ဒီခတ်မှာ ရေရှည်အောင်မြင်ချင်တယ်ဆိုရင် ၀က်ဆိုဒ် လေးတော့ရှိကိုရှိသင့်နေပါပြီ.. ကဲ ကိုယ်က အဲဒီအတွက်မတတ်သေးဘူးပဲထား Facebook မှာအလားကရပါတယ် ကိုယ့်စီးပွားရေးအကြောင်းလေးတော့ တင်ပြီးကြော်ငြာသင့်ပါတယ် . ဒီလိုကြော်ငြာမှာကိုယ့်ကိုလူသိများမယ် ကိုယ့် ဖေါက်သည် လိုအပ်တာတွေပိုပြီး နားလည်လာပါမည်..


Cost Management   

  ဘယ်စီးပွားရေးမှဆို ကုန်ကျစရိန်ကို ပိုင်ပိုင်နိုင်နိုင် စာရင်း မကိုင်နိုင်ရင် ရေရှည် ရေတိမ်နှစ်ရတာကြီးပါပဲ. စာရင်းကိုင် သည် စီးပွားရေး တစ်ခုရဲ့ အသက်သွေးကြောဖြစ်ပါတယ်.. ဒါကြောင့် အောင်မြင်နေတဲ့ ကော်ပိုရေးရှင်းကြီးတွေကျ ငွေ သိန်းပေါင်းမြောက်များစွာ အကုန်ခံကာ ငှားထားချင်းဖြစ်ပါတယ်…ကိုယ်လုပ်တဲ့ အလုပ်က ငွေလည်ပတ်မူများတယ် တစ်လကို သိန်းရာချီ ထောင်ချီ လည့်နေပြီ ဆိုရင် စားရင်းကိုင် ထားဖို့ကိုသင့်ပါတယ်..အခုဆို မြန်မာနိုင်ငံမှာ LCCI ACCA တွေအများကြီးရှိပါပြီ . ၀င်ငွေထွက်ငွေ စာရင်းကို နိုင်နိုင်နှင်းနှုင်းလုပ်နိုင် ကိုယ်တစ်ကယ်မြတ်လား ရှံးလားကို နားလည်နိုင်ပါမယ်
(Cost Management အကြောင်းအခြေခံကိုနောက်မှ ကျွှန်တော် အကျယ်ချုံပြန်ရေးပါမယ်)


တစ်ကယ် လက်တွေ့မှာ သေးစားစီးပွားရေးစမယ်ဆိုရင်တော့ ဒီအချက်တွေထက်မက အများကြီးလိုအပ်ပါတယ်.ဒါပေမယ့် ဒီအထဲတွေကမှာ ကျွှန်တော့်အထင်အရေးကြီးတဲ့ အချက်လေးတွေထင်လို့ရေးလိုက်ခြင်းဖြစ်ပါတယ်..














                            

Thursday, October 24, 2013

မြန်မာနိုင်ငံ နှင့် အသေးစားလုပ်ငန်း (Small Business)



Entrepreneur နဲ့ပတ်သက်ပြီး တစ်နေ့က James Caan ရေးတဲ့ Entrepreneur အသစ်တွေအနေနဲ့ ဘယ်လို    ကိုယ့် Brand ကိုဘယ်လိုလူသိများေ၇ာင်လုပ်ရမှာလဲဆိုပြီး သူ့ Blog ထဲမှာရေးထားတာဖတ်မီလိုက်ပါတယ်. အဲဒီမှာ ကျွှန်တော် သွားစဉ်းစားမှီတာက အခုလို ကျွှန်တော်တို့နိုင်ငံ့ကို ကော်ပိုရေးရှင်း တွေ အရင်းအနှီးနဲ့ တစ်ပုံတစ်ပောာ ကြီးဝင်လာတော့မယ် ဆိုပြီးတော့ အသေးစားလုပ်ငန်းရှင် ( small businsess) တွေ တော်တော်များက စိတ်ပူကြတာတယ်၊ ငါတို့တော့ဘယ်လိုလုပ်ယှဉ်ပြိင်နိုင်မှာလဲ ၊ဘယ်လိုရပ်တည်နိုင်မှာလဲဆိုပြီးတော့၊ ....

မီဒီယာတွေကလည်း စီးပွားရေးပွင့်ပြီ ဆိုကတည်းကစပြီး ခုချိန်ထိနေ့တိုင်းလိုလို သတင်းထဲမှာ ဟိုက၀င်တော့မယ် ဒီက၀င်တော့မယ်ဆိုပြီး ချိန်းချောက်နေတော့ ပူသင့်တာတော့ပူသင့်တာပေါ့. ဒါပေမယ့် ကျွှန်တော် သေချာစဉ်းစားလေ့လာကြည့်မယ်ဆိုရင် ဒီ အသေးစားလုပ်ငန်းရှင်တွေကို ဆိုးကြိုးထိရောက်နိုင်မယ့် နိုင်ငံခြား၇င်းနှီးမြုပ်နှံမူဝင်လာဖို့ဆိုတာ တော်တော်လေးကို အချိန်ယူရဦးမှာပါ. မီဒီယာ တွေက ဒီနေ့ပဲဝင်တော့မယ်လိုလို ၀ုန်းကနဲ စီးပွားရေးတွေပဲပျက်တော့မယ်လိုလိုနဲ့ တာရေးနေတာပါ တစ်ကယ် တမ်း ၀င်လာဖို့က အခက်အခဲတွေအများကြီးရှိနေပါသေးတယ်..ဥပမာ. အခြေခံဆောက်အအုံတွေ ၊ နိုင်ငံရေးတွေ ဒါကလူတိုင်းလည်းသတိထားမီမှာပါ.. အကဲလို့ ၀င်ခဲ့သည် ထားဦး လက်ရှိမြန်မာနိုင်ငံက လုပ်ငန်းရှင်ကြီးတွေ  ကောင်းကျိုးတွေ အများကြီးရှိသလိုပဲ၊ သူတို့က ပဲ ဆိုးကျိုးတွေ ကို ခံစားရမှာပါ. ဥပမာ အခု Alpine သောက်ရေသန့်လိုပေါ့ Pepsi  တို့ Coke တို့ နဲ့ တိုက်ရိုက်တိုက်ခိုက်ရမယ်ဆိုရင် သူတို့အတွက်အများကြီးဆုံးရုူံးနိုင်ပါတယ်.  (အဲလိုဖြစ်ဖို့ကလဲ တော်တော်လိုပါသေးတယ် Alpine အတွက် ပြင်ဆင်ချိန်တွေရှိပါသေးတယ်). ဒီအပိုင်းကတော့လောလောဆယ်ထားလိုက်ဥိး...

အခုကမ္ဘာရဲ့ အကြီးဆုံး စီးပွားရေး လို့ ပြောတဲ့ အမေရိကားကို ပဲကြည့်ပါ ။ နိုင်ငံကို အဓိက ၀င်ငွေ ရှာပေးနေတာ အသေးစားလုပ်ငန်းရှင် (small businesss)တွေပဲပြောလို့ရတယ်. အမေရိကန်အစိုးရရဲ့ တရားဝင် ပြုစုထားတဲ့စစ်တမ်းအရဆိုလျှင်..

  1. အမေရိကား မှာ အသေးစားလုပ်ငန်းရှင် ပေါင်း ၂၃ သန်း ကျော်ရှိပါတယ်. အဆတိုး နဲ့ တိုင်းမယ်ဆိုလျှင် ကော်အော်ပိုရေးရှင်း ၁ ခုရှိရင် အေးစားလုပ်ငန်း အခု ၁၁၆၂ ခု ရှိပါတယ်.
  2. အသေးစားလုပ်ငန်းက နေ ပြီးတော့ အမေရိကား လုပ်အားထု ရဲ့  ၅၅ ရာခိုင်နှူန်းကို အလုပ်ခန့်ထားပါတယ်၊ ၁၉ ၇၀ ကနေစပြီး နှစ် စဉ်အလုပ်အသစ် (အလုပ်လင့်လပ်မူ) ရဲ့ ၆၆ ရာခိုင်နှူန်းက အသေးစားလုပ်ငန်းကနေပါ..
  3. ၁၉ ၉ ၀ ကတည်းကစပြီး ခုချိန်ထိ လုပ်ငန်းကြီး တွေက အလုပ်ပေါင်း ၄သန်းကျော်လောက် ကိုပျောက်ဆုံးခဲ့ပါတယ်..အဲဒီအချိန်အတွင်းမှာပဲ အသေးစားလုပ်ငန်းကနေ အလုပ်အသစ် ပေါင်း ၈သန်း ကျော် ခန့်နိုင်ခဲ့ပါတယ်..
ဒီလို ဆိုတော့ဗျာ ကျွှန်တော်တို့နိုင်ငံမှာလဲ ဒီ အသေးစားလုပ်ငန်းတွေက အခုချိန်ရော နောက်တစ်ချိန်ရော အားထားရဦးမှာပါပဲ.  ဒီလိုကိုယ်နိုင်ငံမှာ အားထားရမယ့် အသေးစားလုပ်ငန်းတွေကို အရေးပေးနိုင်ဖို့လည်းလိုပါတယ်. အခုလည်းကြားနေရတာပါပဲ အသေးစားလုပ်ငန်းတွေကို ငွေချေးပေးတာတို့ဘာတို့ပေါ့ ဒါက တစ်ကယ်တမ်း ထိထိရောက်ရောက်လုပ်နိုင်မယ်ဆိုရင် ကော်ပိုရေးရှင်းတောင် မှအားကိုးစရာမလိုဘူး ကိုယ်မှာရှိတဲ့ သံယစတ နဲ့ဆို၇င်တောင် လူမျိုးချမ်းသာနိုင်တယ် .
မည်သို့ပင်ဖြစ်စေ ဘယ်လောက်ပဲ ကော်ပိုရေးရှင်း ၀င်လာလို့ အသေးစားလုပ်ငန်းတွေ မထိရောက်နိုင်ဘူးလို့ဆိုဆို တစ်ကယ်တမ်းလက်ရှိ ရှိနေတဲ့ လုပ်ငန်းတွေကတော့ ပြောင်းလဲလာမဲ့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရမှာပါပဲ.. ငါတို့ အဖိုးခတ်ကတည်းက လုပ်လာတာ ဘာဖြစ်လို့မအောင်မြင်ရမှလဲ ဒီနည်းပဲ ဒါပဲ ဒါမျိုးပဲလုပ်လို့ရပါတယ် ဆိုပြီး ရှေးရှိးဆွဲနေမယ်ဆိုရင် တော့ ရေရှည်အောင်မြင်ဖို့ခက်ခဲ အတော်လေးရုန်းကန်ရပေလိမ့်မည်...နောက်တစ် ပုဒ်မှပဲ James Cann ပေးတဲ့ အကြံအညဏ်ကို ယူပြီး ကျွှန်တော်တို့နိုင်ငံအသေးစားလုပ်ငန်း ကို ဘယ်လို အသုံးပြု(implement) လုပ်လို့ ရလဲဆိုတာဆက်ရေးပါမည်...







ကိုးကား .http://www.sba.gov/content/small-business-trends


















Thursday, May 23, 2013

Currency Trading ဆိုတာ (1)

Stock ဆိုတာ နဲ့ လူတွေ တော်တော် များများဘာလဲဆိုတာ အနည်းနဲ့အများသိကြပါတယ်. ရှင်းရှင်း ပြောရရင် ကျွှန်တော်လဲ ရင်းနှီးမြုပ်နှံမူကို Stock တစ်ခုပဲရှိတယ်လို့ထင်မှတ်ခဲ့ပါတယ်. ဒီလိုပဲ စလုံးက သူငယ်ချင်းက Currency Trading လုပ်ကြည့်ပါလားဆိုပြီး အကြံပြုတာနဲ့ FOREX Market ထဲကို ဘူးမသိ ဘမသိ ရောက်လာခဲ့တာပါပဲ. နှကို ကတည်းက Investment ကို ဘာမှန်းမသိတော့ FOREX ဆိုတာဘာလဲ သိဖို့ဝေလာဝေး. ဒါနဲ့ စာအုပ် ဖတ်ပြန်တော့လည်း  စာအုပ်တွေအားလုံးက English တွေ ကြီးပဲဆိုတော့ Knowledge ကနည်းနည်း နဲ့နားလည်အောင်တော်တော်လေးဖတ်ယူခဲ့ရပါတယ်. Online မှာ မြန်မာဆိုဖတ်ဖို့လိုက်ရှာကြည့်တော့လည်း Stock အကြောင်းတွေရေးတာပဲခပ်များများတွေ့ရတော့ တော်တော် လေးရှာဖတ်ခဲ့ရပါတယ်. အခု ဒီ Currency ထဲကို ရောက်နေတာ ၃နှစ်လောက်ပဲရှိပါသေးတယ် ကျွှန်တော် ကိုယ်၌ ကလည်း အခုထိလေ့လာတုံးဆိုတော့ ဒီ "Currency Trading "  ကို ကျွှန်တော်သိထားတာလေး မမေ့သွားအောင် ကတစ်ကြောင်း.Currency Trading အကြောင်းကို သိချင်တဲ့သူငယ်ချင်းများအတွက်တစ်ကြောင်းရေးသားခြင်းဖြစ်ပါတယ်ဒါကြောင့် ကျွှန်တော့် စာတွေမှာအမှားတွေ ပါနိုင်ပါတယ်. ဒီထဲမှာ ကျွှန်တော် ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ အကြောင်းတွေဘာသလို စာအုပ်တွေထဲကလည်း Reference လုပ်ထားပါတယ်. တစ်ယောက်နဲ့တစ်ယောက်အတွေ့အကြုံခြင်းမတူနိုင်ပါဘူး ဒါကြောင့် Currency Trading ရဲ့ အခြေခံတွေကို ရေးသွားပါမယ်. အမှားတွေတွေ့လို့ တောက်ပြ ပေးမယ်ဆိုရင် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ…



FOREX ဆိုတာဘာလဲ……



 Forex ဆိုတာကတော့ FOReign EXchange Market အတိုကောက်ယူထားတာဖြစ်ပါတယ်. (currency) ငွေကြေး နှစ်ခုကိုတစ်ပြိုင်ထဲ တစ်ခုကို ရောင်းပြီး တစ်ခုကို ၀ယ်တာကို Foreign exchange လို့ခေါ်ပါတယ်. Currencies  တွေကို Dealar ဒါမှမဟုတ် Broker တွေကနေတစ်ဆင့် အ၀ယ်အရောင်း လုပ်ပါတယ်. အဲဒီ Trade လို့ရအောင် Currency  တွေကို (pairs)အတွဲလိုက်ထားပေးထားပါတယ် .ဥပမာ Euro dollar and U.S. Dollar (EUR / USD) or the British Pound and Japanese Yen (GBP/ JPY).

 ဒီ FOReign Exchange Market ဟာ ကမ္ဘာပေါ်မှာ အကြီးမှားဆုံး ငွေကြေး ဈေးကွက် ဖြစ်ပါတယ်.. နေ့စဉ် ဒေါလာ $ 2 Trillion နဲ့ အထက် စီးဆင်းမူ / သိပ်တည်းမူ ရှိပါတယ်. အဲဒီပမာဏ ဟာ stock market နဲ့ Future market ပေါင်းထားတဲ့ တန်ဖိုးတဲ့ ၃ ဆလောက် ပို များတယ်လို့ဆိုထားပါတယ်.

  Forex spot market ဟာ တစ်ခြား ငွေကြေး ဈေးကွက် ဖြစ် တဲ့ stock တို့လို Physical Location တို့ Central exchange တို့ မရှိပါဘူး.. အရာင်းအ၀ယ်ကို တော့ ဘဏ် အချင်းချင်း , Corporations အချင်းချင်း, တစ်ဦးတစ်ယောက်ချင်း အ၀ယ်အရာင်းလုပ်ကြပါတယ်. Physical exchanges  မရှိတဲ့ အတွက်ကြောင့် Forex ကို ၂၄ နာရီ  Trade လုပ်လို့ရပါတယ်.


Spot Market  Future Market ဆိုတာဘာလဲ.

 လက်ရှိငွေပေါက်ဈေးနဲ့ ရော့ ပတ္တမြား ရော့နဂါး , အ၀ယ်အရာင်ုးလုပ်တဲ့ဘယ် Market မဆို Spot Market လို့ခေါ်ပါတယ် .Future Market ကတော့ ကြိုရောင်းကြိုဝယ် သဘောမျိုးပေါ့. ပိုက်ဆံကို အရင်ပေးပြီး Commodity ကိုနောက်မှ ပို့တဲ့ Market  ပေါ့. ဥပမာ Chicago Board of Trade က Future Market တစ်ခုပါ. FOREX မှာနှစ်ခုလုံး လုပ်ကြပါ future ရော spot ရော trade လုပ်ကြပါတယ်.ဒါပေမဲ့ Traders တော်တာ် များများကတော့ spot market ကိုပဲ သုံးကြပါတယ်.

ဘယ်Currencies  တွေTraded ကြလဲ.?

 လွယ်ပြောရရင်တော့ဗျာ interantional trade ရှိတဲ့ နိုင်ငံတိုင်း ရဲ့ currencies ကို trade လုပ်လို့ရပါတယ်..နေ့စဉ် အများဆုံး Trade လုပ်တဲ့ ကို အစဉ်လိုက်ရေးရမယ်ဆိုရင် ..U.S Dollar (USD), the Euro Dollar (EUR), the Japanese Yen (JPY) , the British Pound Sterling (GBP) , The Swiss Franc (CHF) , the Canadian Dollar (CAD) နဲ့the Australian Dollar (AUD) . ဒီ  ရ ခုကတော့ Major currencies တွေပါ တစ်ခြား currencies တွေကို တော့  minor လို့တတ်မှတ်ပြီး.. တစ်ခြား နိုင်ငံငယ် တွေရဲ့  currencies တွေကို exotics လို့ခေါ်ပါတယ်..

FOREX Currency  တွေရဲ့  symbols ကို အဂ်လိပ် အက္ခရာ သုံးခု နဲ့ အမြဲတမ်းသတ်မုတ်ကြပါတယ်. ပထမ အက္ခရာ ကတော့ နိုင်ငံကို ကိုယ်စားပြုပြီး နောက် ဆုံးတစ်လုံးကို တော့ နိုင်ငံ currency ရဲ့ နာမည်ပါ.. ဥပမာ U.S. Dollar ရဲ့ symbol ကတော့ USD ပါ. ထိုနည်းတူပဲ  Jpanese Yen ကို JPY လို့တပ်မှတ်ထားပါတယ်..အခြားနိုင်ငံတွေ အကုန်လုံးလဲအဲဒီလိုပဲသတ်မှတ်ထားပါတယ်. သို့သော်လည်း ချို့ ယွင်းချက်အနေနဲ့ Swiss Franc ကို SWF လို့ မသုံးပဲ CHF  လို့ သုံးပါတယ် အဲဒီတစ်ခုထဲပါပဲ. ဘာလို့လဲဆိုတော့  Swistzerland နိုင်ငံ ရဲ့  Latin နာမည်ဖြစ်တဲ့  Confederation Helvetica နဲ့ အသုံးပြုထားလို့ပဲဖြစ်ပါတယ်.  


Symbol                            Country                                        Currency

USD                            United States                                       Dollar 

EUR                            Euro members                                     Euro

JPY                                 Japan                                                Yen 

GBP                               Great Britain                                      Pound

CHF                            Switzerland                                           Franc-

CAD                            Canada                                                 Dollar

AUD                             Australia                                              Dollar




ဆက်ပါဦးမည်

ခွန်ဇေယျာမင်း..                  
































Sunday, January 6, 2013

U.S. ရဲ့ ကြွေးမြီ ပြသနာ

    Fiscal Cliff ပြီးတော့ U.S. ရဲ့ နောက်အဓိက ပြသနာ တစ်ခုက Debt Ceiling လို့ခေါ်တဲ့ ကြွေးမြီ ပြသနာ ပါပဲ။ Debt Ceiling ဆိုတာက U.S. အစိုးရ အမြင့်ဆုံးထားနိုင်တဲ့ အကြွေးပမာဏ ပါ။ ဒီအကြွေးတွေက အမေရိကန်အစိုးရမှ ရောင်းနှံထားတဲ့ Bond ကိုဝယ်ထားတဲ့သူတွေ  နဲ့  Federal Government Trust Fund တွေဖြစ်တဲ့ Social Security| Medical Care အစရှိတာ တွေကို တင်နေတဲ့ အကြွေးတွေဖြစ်ပါတယ်.
     Debt ceiling ဆိုတာ...
     Debt Ceiling  ကို ပထမဦးဆုံး ၁၉ ၁၇ ခုနှစ်မှာ စတင်သတ်မှတ်ခဲ့ကြပါတယ်. ပထမဦးဆုံး $ 11.5 Billion လို့ သတ်မှတ်ခဲ့ပါတယ်.ဒီ  ပမာဏ ကို လွတ်တော် သတ်မှတ်ပေးတာ ဖြစ်ပါတယ်၊ ဒီလိုသတ်မှတ်လိုက်ပေးခြင်းကြောင့်  U.S. ရဲ့ဘဏ္ဍာရေး ဋ္ဌာန ( Treasury Department) က Libety Bond တွေကိုရောင်းပြီး အမေရိကန် ပထမကမ္ဘာစစ်အသုံးစရိတ်ကို တောက်ပံနိုင်ခဲ့ပါတယ်.ဒါ့အပြင် အဏာရအစိုးရ ရဲ့  အသုံးစရိတ်ကို လွတ်တော် က ထိမ်းချူပ်နိုင်စွမ်းရှိအောင်လို့ပါ.......ဒီလိုတာ လွတ်တော် က ထိမ်းချူပ်မထားနိုင်ဘူးဆိုရင် တက်လာတဲ့ အစိုးရက သူတို့ဆက်ပြီးအဏာရအောင်မလိုအပ်ပဲ အခွန်တွေ လျှော့ချ၊ အစိုးရတောက်ပံကြေားတွေပိုပေးပြီးနိုင်ငံရဲ့ အကြွေးတွေ တစ်နှစ်ထက်တစ်နှစ်ပိုတက်စေနိုင်လို့ပါပဲ...အကဲလို့ Debt to GDP ratio ကမြင့်တက်လာတဲ့အမျှနိုင်ငံရဲ့စိးပွားရေးတိုးတက်မူကလျှော့လာမယ်၊နိုင်ငံရဲ့အကြွေးရှင်တွေ ယုံကြည်မူလျှော့လာမယ်၊နိုင်ငံအကြွေးထဲနှစ်သွားနိုင်လို့ပါပဲ။ .ဒီလို Debt Ceiling သတ်မှတ်လိုက်ခြင်းကြောင့် နိုင်ငံရဲ့  Fiscal Policy တွေ ကိုသမ္မတ နဲ့ လွတ်တော် တိုင်တိုင်ပင်ပင်နဲ့ ထိထိရောက်ေ၇ာက်ချမှတ်နိုင်အောင်လို့ ပါပ.ဲ
သို့သော်ငြားလည်း  အမေရိကန်အစိုးရနဲ့လွတ်တော်ကတော့ Debt Ceiling ကို ရောက်လာတိုင်း သူတို့ရဲ့  အကြွေးတင်နိုင်မူပမာဏာကို ဆက်မြင့်လိုက်တာကြီးပါပဲ။ လွယ်ခဲ့တဲ့ဆယ်စုနှစ်အတွင်း လွတ်တော် က ၁၀ကြိမ်တိုင်တိုင်တိုးခဲ့ပါတယ်.စီးပွားရေးကျတဲ့ ကာလဖြစ်တဲ့ ၂၀၀၈ နဲ့ ၂၀၀၉ ခုနှစ် ၂နှစ်အတွင်းမှာပဲ ၄ ကြိမ်တိုင်တိုင် တိုးခဲ့ပါတယ်. သူတို့ရဲ့  debt ceiling သမိုင်းကို ကြည့်မယ်ဆိုရင် debt ceiling ကို ရောက်တိုင်း ရောက်တိုင်း အခြားဖြေရှင်းနည်းကို မတွေ့ရပါပဲ လွတ်တော်က Limit ကိုတိုးတိုးလိုက်တာကြီးပါပဲ..အခုချိန်အထိ ၇၆ ကြီမ်တိုင်တိုင် တိုးထားပြီးသွားပါပြီ.

လက်ရှိအကြွေးပမာဏ...

    လက်ရှိ  Limit ကိုတော့ $ 16.394 Trillion လို့သတ်မှတ်ထားပါတယ်.အမေရိကန်နိုင်ငံရဲ့  တစ်လ သုံးငွေက ၀င်ငွေထက် $115 Billion ပိုသုံးနေပါတယ် (လက်ရှိအကြွေးတွေကိုကြည့်ချင်ရင်တော့ . http://www.usdebtclock.org/.) ဒီပမာဏကို ကျော်နေတာ နှစ်ပတ်လောက်ရှိနေပါပြီ. လွတ်တော် House Speaker John Boehner က ဒီ Debt Ceiling ကို မတိုးတော့ဘူးလို့ ပြောပါတယ်. သို့သော်ငြားလည်း Fiscal Cliff Deal တုံးကလဲ အခွန်တိုးဖို့ပဲပါသေးတယ် အသုံးစရှိတ်လျှော့ဖို့က ၂လရွေဆိုင်းထားပါသးတယ်..ဒီ၂ လအတွင်းမှာ အသုံးစရိတ်  ဘာတွေဘယ်လိုလျှော့ချမယ်ဆိုတာကို ဖြေခြင်း မရ ၇င်တော့ အရင် တစ်နှစ်တုံးကလို နောက်ဆုံးအချိန်မှာ တိုးလိုက်မလား မပြောတတ်ဘူး . 
Debt Limit ကို မတိုးရင် ဘာတွေ ဖြစ်နိုင်လဲ..
   အကဲလို့ အသုံးစရိတ်ကို လဲမချဘူး၊ သူပြောတဲ့အတိုင်း ဒီ  Limit ကို မတိုးခဲ့ဘူးဆိုရင် အမေရိကန် ဘဏ္ဍာရေး ဋ္ဌာန ( Treasury Department) က ငွေချေးလို့မရတော့ပါဘူး .ဒီလိုငွေချေးလို့မရ၇င် အစိုးရ ဋ္ဌာနတွေ ငွေလိုမူတွေပြမယ် အစိုးရတောက်ပံ ထားတဲ့လုပ်ငန်းမှန်သမျှ ရပ်တန့်သွားနိုင်တယ်. အဆိုးဆုံးကတော.့  အစိုးရ Default ဒေ၀ါလီခံ လုပ်သွားနိုင်ပါတယ်.. အစိုးရက Default လုပ်သွားပြီဆိုရင် ပထမဥိးဆုံးအစိုးရ၀န်ထမ်းတွေရဲ့လစတွေ ပြတ်သွားမယ်၊ အစိုးရတောက်ပံထားတဲ့ Social Security, Medicare, Medicaid payments ရပ်သွားမယ်၊နိုင်ငံအတိုးပေးတာ၊အကြွေးပေးတာတွေရပ်သွားမယ်.ဒီလိုဆိုရင်တော့နိုင်ငံတကာရဲ့ ယုံကြည်မူတွေလျှော့သွားမယ်။ ဒေါ်လာရဲ့တန်ဖိုးတွေမဲ့သွားမယ့်အပြင် ဒေါ်လာက ကမ္ဘာရဲ့  Reserve currency ကနေတောင် ပျောက်သွားနိုင်တယ်..နောက်ပြီး စီးပွားရေးပညာရှင်တွေက အကဲလို့ U.S. Default လုပ်လိုက်မယ်ဆိုရင် Global Recession တောင်ဖြစ်သွားနိုင်တယ်လို့ဆိုပါတယ်.လွန်ခဲ့တဲ့နှစ်က ပဲStandard & Poor Agency မှအမေရိကန် ကို  အကြွေးပေးသင့်ဆုံးနိုင်ငံ Rating ဖြစ်တဲ့ AAA ကနေ AA ချခဲ့ပါတယ်.ပထမဆုံးအကြိမ်အချခံရတာပါပဲ...

ဘာတွေဖြစ်လာနိုင်သလဲ...

   အခုအချိန်မှာ   အမေရိကန်နိုင်ငံ Default လုပ်လိမ့်မယ်လို့တော့မထင်ပါဘူး. Too Big to Fail ဆိုသလိုပေါ့.့ လွယ်လွယ်ပြောရရင် သူတို့တင်နေတဲ့ အကြွေး ဒေါ်လာဆိုတာက သူတို့နိုင်ငံထုတ်တဲ့ငွေတွေ၊ ဆိုလိုတာက ငွေကို သူတို့ လိုသလိုထုပ်နိုင်တယ်.ဥရောပနိုင်ငံနဲ့ မတူတဲ့ အမေရိကန်နိုင်ငံရဲ့အားသာချက်ပါ. ဥပမာ ဂရိနိုင်ငံက သာ ယူရိုမသုံးပဲ သူ့ငွေသူသုံးမယ်ဆိုရင် Default လုပ် ချင်မှလုပ်လိမ့်မယ်.သူထုပ်ချင်သလောက်ထုပ်လို့ရတာကို. ငွေကြေးဖေါင်းပွမူဒါဏ်ရှိပေမယ့်လည်း အနည်းဆုံး Default လုပ်တာထက်စာရင် သက်သာတာပေါ့.
 " The United States can pay any debt it has because we can always print money to do that. So there is zero probability of deafult." Alan Greenspan . The Fed  ဥက္ကဋ္ဌ ဟောင်း Alan Greenspan ရဲ့မှတ်ချက်စကားပါ.
  ဒါကြောင့် ဒီ၂ လအတွင်း သမ္မတ နဲ့ လွတ်တော်အသည်းအသန် ဆွေးနွေး လိမ့်မယ်၊နောက်ဆုံးဘယ်အသုံးစရိတ်ကိုလျှော့ချမှန်းမသိရင် ထုံးစံအတိုင်း Debt Ceiling ကို ထပ်တိုးလိုက်မယ်လို့ပဲထင်ပါတယ်....