Sunday, January 6, 2013

U.S. ရဲ့ ကြွေးမြီ ပြသနာ

    Fiscal Cliff ပြီးတော့ U.S. ရဲ့ နောက်အဓိက ပြသနာ တစ်ခုက Debt Ceiling လို့ခေါ်တဲ့ ကြွေးမြီ ပြသနာ ပါပဲ။ Debt Ceiling ဆိုတာက U.S. အစိုးရ အမြင့်ဆုံးထားနိုင်တဲ့ အကြွေးပမာဏ ပါ။ ဒီအကြွေးတွေက အမေရိကန်အစိုးရမှ ရောင်းနှံထားတဲ့ Bond ကိုဝယ်ထားတဲ့သူတွေ  နဲ့  Federal Government Trust Fund တွေဖြစ်တဲ့ Social Security| Medical Care အစရှိတာ တွေကို တင်နေတဲ့ အကြွေးတွေဖြစ်ပါတယ်.
     Debt ceiling ဆိုတာ...
     Debt Ceiling  ကို ပထမဦးဆုံး ၁၉ ၁၇ ခုနှစ်မှာ စတင်သတ်မှတ်ခဲ့ကြပါတယ်. ပထမဦးဆုံး $ 11.5 Billion လို့ သတ်မှတ်ခဲ့ပါတယ်.ဒီ  ပမာဏ ကို လွတ်တော် သတ်မှတ်ပေးတာ ဖြစ်ပါတယ်၊ ဒီလိုသတ်မှတ်လိုက်ပေးခြင်းကြောင့်  U.S. ရဲ့ဘဏ္ဍာရေး ဋ္ဌာန ( Treasury Department) က Libety Bond တွေကိုရောင်းပြီး အမေရိကန် ပထမကမ္ဘာစစ်အသုံးစရိတ်ကို တောက်ပံနိုင်ခဲ့ပါတယ်.ဒါ့အပြင် အဏာရအစိုးရ ရဲ့  အသုံးစရိတ်ကို လွတ်တော် က ထိမ်းချူပ်နိုင်စွမ်းရှိအောင်လို့ပါ.......ဒီလိုတာ လွတ်တော် က ထိမ်းချူပ်မထားနိုင်ဘူးဆိုရင် တက်လာတဲ့ အစိုးရက သူတို့ဆက်ပြီးအဏာရအောင်မလိုအပ်ပဲ အခွန်တွေ လျှော့ချ၊ အစိုးရတောက်ပံကြေားတွေပိုပေးပြီးနိုင်ငံရဲ့ အကြွေးတွေ တစ်နှစ်ထက်တစ်နှစ်ပိုတက်စေနိုင်လို့ပါပဲ...အကဲလို့ Debt to GDP ratio ကမြင့်တက်လာတဲ့အမျှနိုင်ငံရဲ့စိးပွားရေးတိုးတက်မူကလျှော့လာမယ်၊နိုင်ငံရဲ့အကြွေးရှင်တွေ ယုံကြည်မူလျှော့လာမယ်၊နိုင်ငံအကြွေးထဲနှစ်သွားနိုင်လို့ပါပဲ။ .ဒီလို Debt Ceiling သတ်မှတ်လိုက်ခြင်းကြောင့် နိုင်ငံရဲ့  Fiscal Policy တွေ ကိုသမ္မတ နဲ့ လွတ်တော် တိုင်တိုင်ပင်ပင်နဲ့ ထိထိရောက်ေ၇ာက်ချမှတ်နိုင်အောင်လို့ ပါပ.ဲ
သို့သော်ငြားလည်း  အမေရိကန်အစိုးရနဲ့လွတ်တော်ကတော့ Debt Ceiling ကို ရောက်လာတိုင်း သူတို့ရဲ့  အကြွေးတင်နိုင်မူပမာဏာကို ဆက်မြင့်လိုက်တာကြီးပါပဲ။ လွယ်ခဲ့တဲ့ဆယ်စုနှစ်အတွင်း လွတ်တော် က ၁၀ကြိမ်တိုင်တိုင်တိုးခဲ့ပါတယ်.စီးပွားရေးကျတဲ့ ကာလဖြစ်တဲ့ ၂၀၀၈ နဲ့ ၂၀၀၉ ခုနှစ် ၂နှစ်အတွင်းမှာပဲ ၄ ကြိမ်တိုင်တိုင် တိုးခဲ့ပါတယ်. သူတို့ရဲ့  debt ceiling သမိုင်းကို ကြည့်မယ်ဆိုရင် debt ceiling ကို ရောက်တိုင်း ရောက်တိုင်း အခြားဖြေရှင်းနည်းကို မတွေ့ရပါပဲ လွတ်တော်က Limit ကိုတိုးတိုးလိုက်တာကြီးပါပဲ..အခုချိန်အထိ ၇၆ ကြီမ်တိုင်တိုင် တိုးထားပြီးသွားပါပြီ.

လက်ရှိအကြွေးပမာဏ...

    လက်ရှိ  Limit ကိုတော့ $ 16.394 Trillion လို့သတ်မှတ်ထားပါတယ်.အမေရိကန်နိုင်ငံရဲ့  တစ်လ သုံးငွေက ၀င်ငွေထက် $115 Billion ပိုသုံးနေပါတယ် (လက်ရှိအကြွေးတွေကိုကြည့်ချင်ရင်တော့ . http://www.usdebtclock.org/.) ဒီပမာဏကို ကျော်နေတာ နှစ်ပတ်လောက်ရှိနေပါပြီ. လွတ်တော် House Speaker John Boehner က ဒီ Debt Ceiling ကို မတိုးတော့ဘူးလို့ ပြောပါတယ်. သို့သော်ငြားလည်း Fiscal Cliff Deal တုံးကလဲ အခွန်တိုးဖို့ပဲပါသေးတယ် အသုံးစရှိတ်လျှော့ဖို့က ၂လရွေဆိုင်းထားပါသးတယ်..ဒီ၂ လအတွင်းမှာ အသုံးစရိတ်  ဘာတွေဘယ်လိုလျှော့ချမယ်ဆိုတာကို ဖြေခြင်း မရ ၇င်တော့ အရင် တစ်နှစ်တုံးကလို နောက်ဆုံးအချိန်မှာ တိုးလိုက်မလား မပြောတတ်ဘူး . 
Debt Limit ကို မတိုးရင် ဘာတွေ ဖြစ်နိုင်လဲ..
   အကဲလို့ အသုံးစရိတ်ကို လဲမချဘူး၊ သူပြောတဲ့အတိုင်း ဒီ  Limit ကို မတိုးခဲ့ဘူးဆိုရင် အမေရိကန် ဘဏ္ဍာရေး ဋ္ဌာန ( Treasury Department) က ငွေချေးလို့မရတော့ပါဘူး .ဒီလိုငွေချေးလို့မရ၇င် အစိုးရ ဋ္ဌာနတွေ ငွေလိုမူတွေပြမယ် အစိုးရတောက်ပံ ထားတဲ့လုပ်ငန်းမှန်သမျှ ရပ်တန့်သွားနိုင်တယ်. အဆိုးဆုံးကတော.့  အစိုးရ Default ဒေ၀ါလီခံ လုပ်သွားနိုင်ပါတယ်.. အစိုးရက Default လုပ်သွားပြီဆိုရင် ပထမဥိးဆုံးအစိုးရ၀န်ထမ်းတွေရဲ့လစတွေ ပြတ်သွားမယ်၊ အစိုးရတောက်ပံထားတဲ့ Social Security, Medicare, Medicaid payments ရပ်သွားမယ်၊နိုင်ငံအတိုးပေးတာ၊အကြွေးပေးတာတွေရပ်သွားမယ်.ဒီလိုဆိုရင်တော့နိုင်ငံတကာရဲ့ ယုံကြည်မူတွေလျှော့သွားမယ်။ ဒေါ်လာရဲ့တန်ဖိုးတွေမဲ့သွားမယ့်အပြင် ဒေါ်လာက ကမ္ဘာရဲ့  Reserve currency ကနေတောင် ပျောက်သွားနိုင်တယ်..နောက်ပြီး စီးပွားရေးပညာရှင်တွေက အကဲလို့ U.S. Default လုပ်လိုက်မယ်ဆိုရင် Global Recession တောင်ဖြစ်သွားနိုင်တယ်လို့ဆိုပါတယ်.လွန်ခဲ့တဲ့နှစ်က ပဲStandard & Poor Agency မှအမေရိကန် ကို  အကြွေးပေးသင့်ဆုံးနိုင်ငံ Rating ဖြစ်တဲ့ AAA ကနေ AA ချခဲ့ပါတယ်.ပထမဆုံးအကြိမ်အချခံရတာပါပဲ...

ဘာတွေဖြစ်လာနိုင်သလဲ...

   အခုအချိန်မှာ   အမေရိကန်နိုင်ငံ Default လုပ်လိမ့်မယ်လို့တော့မထင်ပါဘူး. Too Big to Fail ဆိုသလိုပေါ့.့ လွယ်လွယ်ပြောရရင် သူတို့တင်နေတဲ့ အကြွေး ဒေါ်လာဆိုတာက သူတို့နိုင်ငံထုတ်တဲ့ငွေတွေ၊ ဆိုလိုတာက ငွေကို သူတို့ လိုသလိုထုပ်နိုင်တယ်.ဥရောပနိုင်ငံနဲ့ မတူတဲ့ အမေရိကန်နိုင်ငံရဲ့အားသာချက်ပါ. ဥပမာ ဂရိနိုင်ငံက သာ ယူရိုမသုံးပဲ သူ့ငွေသူသုံးမယ်ဆိုရင် Default လုပ် ချင်မှလုပ်လိမ့်မယ်.သူထုပ်ချင်သလောက်ထုပ်လို့ရတာကို. ငွေကြေးဖေါင်းပွမူဒါဏ်ရှိပေမယ့်လည်း အနည်းဆုံး Default လုပ်တာထက်စာရင် သက်သာတာပေါ့.
 " The United States can pay any debt it has because we can always print money to do that. So there is zero probability of deafult." Alan Greenspan . The Fed  ဥက္ကဋ္ဌ ဟောင်း Alan Greenspan ရဲ့မှတ်ချက်စကားပါ.
  ဒါကြောင့် ဒီ၂ လအတွင်း သမ္မတ နဲ့ လွတ်တော်အသည်းအသန် ဆွေးနွေး လိမ့်မယ်၊နောက်ဆုံးဘယ်အသုံးစရိတ်ကိုလျှော့ချမှန်းမသိရင် ထုံးစံအတိုင်း Debt Ceiling ကို ထပ်တိုးလိုက်မယ်လို့ပဲထင်ပါတယ်....
   


1 comment:

  1. New Year's Eve 2021 Mens Titanium Wedding bands
    Celebrate 출장샵 New Year's Eve with festive tunes from this how to get titanium white octane year's all-female mens, at Mens Mens' Piano titanium exhaust tubing Bar & Lounge titanium prices at the Wedding Halls of Las titanium watches Vegas.

    ReplyDelete