Monday, January 6, 2014

ခရိုနီ

 Crony (ခရိုနီ) ဆိုတဲ့ စကားလုံးဟာ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ရေပန်း အစားဆုံးစကားလုံး လို့ ပြောလို့ရပါတယ်..  Crony (ခရိုနီ) ဆိုတာ အဘိဓါန် ထဲမှာပါတဲ့ အဓိပ္ဗါယ် က သူငယ်ချင်း ။ ယောင်းရင်းပါ။   ဒီမှာ ကျွှန်တော်တို့ က အစိုးရ ရဲ့ ခရိုနီတွေကို အကြောင်းကို ပြောဖို့ပါ..  ကျွှန်တော် က စီးပွားရေး ကျောင်းသာ တစ်ယာက် ဆိုတော့ နိုင်ငံ ရေးကို လုံးပတ်လည် အောင် မသိပါဘူး.  နိုင်ငံရေး ဆိုတာ အလွန်ရုပ်ထွေးတဲ့ ဘာသာကြီးပါ. ဒါပေမဲ့ အခုတစ်လော သတင်း တွေမှာ ခရိုနီ လုပ်ငန်းရှင်တစ်ဦး နဲ့ မဂ္ဂဇင်း တစ်ခု ပြဿနာ ဖြစ် တာကို မကြာ ခန တွေ့ခဲ့ ရပါတယ်။ နောက်ပြီး ဒေါ်အောင်ဆန်းစု ကြည် ဒီခရိုနီတွေ ဆီကနေ တောက်ပံကြေးယူတာကိုလဲ အပြစ်ထားတာလေးတွေ.. လူတွေက ဒီမိုကရေစီ နိုင်ငံ မှာ ခရိုနီ မရှိသင့် ဘူး ဘာညာ ကွီကွ နဲ့ ငြင်းခုန် ကြတာ တွေကို လည်း ဖတ်မီပါတယ်....

အမှန်တစ်ကယ် စမ်းစစ်ကြည့်မယ် ဆိုရင် အနောက် တိုင်း ဒီမိုကရေစီ နိုင်ငံ တွေက ခရိုနီ တွေကြီးပါပဲ..  အမေရိကန်အစ ရှရှား အဆုံးပါပဲ..ဘယ်မူဝါဒ Policy နဲ့ ပဲ အုပ်ချူပ်အုပ်ချူပ် ခရိုနီ နဲ့ ကင်းတဲ့ နိုင်ငံ ဆိုတာမရှိပါဘူး.
 

အမေရိကန် မှာ ၁၉ ၉ ၀ ခုနှစ် က နေ ၂၀၀၀ ခုနှစ် အတွင်း ကြိတ်ကြိတ် ချမ်းသာ လာကြတဲ့သူများဟာ အစိုးနဲ့ အဆက်သွက် ရှိရင် ရှိ ဒါမှမဟုတ် အစိုးရနဲ့ ဘယ်လို ပေါင်းသင်းလုပ်ကိုင်ဖို့ နားလည် တဲ့သူတွေကြီးပါပဲ..ဘယ် လုပ်ငန်းရှင်ကြီးကိုပဲ ကြည့်ကြည့် ပါ အစိုးရ အတွင်း သူတို့ ရဲ့ လူက အမြဲ ရှိပြီးသားပါ.  ဒီလုပ်ငန်းရှင် တွေ ဘယ်လိုလုပ်လဲဆိုရင် ရွေးကောက်ပွဲ ရောက်တော့မယ်ဆိုရင် သူတို့ နိုင်မယ် ထင်တဲ့  ပါတီ(ပုဂိုလ်) ကို မဲဆွဲ့ပွဲတွေမှာ တောက်ပံပေးပါတယ်. ဒီလို မဲဆွဲပွဲ လုပ်တဲ့ အခါ မှာ ဒေါ်လာသန်းပေါင်း များစွာ ကုန်ကျ ပါတယ်. နိုင်ငံရေး တမား တစ်ယောက်ဟာ ဒီ လို ဒေါ်လာ သန်းပေါင်း များစွာ ကုန်ကျတဲ့ မဲဆွဲပွဲတွေလုပ် ဖို့ဆိုတာ လုပ်ငန်း၇ှင်တွေကနေ တောက်ပံကြေးမယူရင်လုံးဝမဖြစ်နိုင်ပါဘူး.  လုပ်ငန်းရှင်ကြီးတွေကလည်း သူတို့အခွင့်အရေး အတွက် ရင်းနှီးမြုပ်နှံမူလို သဘောထားပြီး ကပ်ကြပါတယ်.  အကယ်လို့ သူတို့ တောက်ပံပေးတဲ့ ပါတီ က မဲနိုင်သွားပြီးဆိုရင် သူတို့တွေ အခွန်သက်သာမယ် ၊ သူတို့ဘက်ပါတယ် ဥပဒေတွေထုတ်ခိုင်းမယ်.၊ နောက်ဆုံးပြိုင်ဘက်တွေ မရှိအောင်လုပ်ခိုင်းပါတယ်.  ဥပမာ ၂၀၀၈ ခုနှစ် အိုဘားမား အစိုးရနိုင်တော့
အိုးဘားမား တက်ပြီးအကြာခင်မာပဲ   Green energy stimulus (သန့်ရှင်းစွမ်းအင်တိုးတက်ရေး ) ဆိုပြီးတော့ ငွေ ဒေါ်လာ သန်းပေါင်း မြောက်များစွာ  ထုပ်ပေးခဲ့ပါတယ်.အဲဒီ ငွေ တွေရဲ့    ၇၁ ရာခိုင်နှုန်းက အိုဘားမား မဲဆွဲ ပွဲတုံးက လှူဒါန်းတဲ့ သူတွေဆီပြန်သွားပါမယ်..  Peter Schweizer ရဲ့  Throw Them All Out, စာအုပ်ထဲမှာ ဖော်ပြချက်အရာ ဆိုရင် အိုဘားမား မဲဆွဲပွဲတုံးက လှူထားတဲ့ သူ တွေက ၁ ဒေါ်လာ ထဲ့ဝင် ထားတယ်ဆိုရင် အဲဒီ Stimulus ကနေ ဒေါ်လာ ၂၄၇၈၃ ပြန်ရတယ်လို့ဖော်ပြထားပါတယ်.

အဲဒီ အကြောင်းတွေ ရေးမယ်ဆို ရေးလို ကုန်မယ် မထင်ပါဘူး. .. သေချာတာကတော့ ခရိုနီဆိုတာ ကျွှန်တော်တို့ တစ်နိုင်ငံ တည်းမဟုတ်ရပါဘူးဗျာ...

ကိုးကား
crony capitalism in america.  Hunter lewis
Throw Them All Out.  Peter schweizer

















No comments:

Post a Comment